特定技能外食業技能評価試験研修 စားသောက်ဆိုင်စာမေးပွဲသင်တန်း

စားသောက်ဆိုင်လုပ်ငန်း စာမေးပွဲ သင်တန်း

ဂျပန်နိုင်ငံ ကျွမ်းကျင်လုပ်သား とくていぎのう စားသောက်ဆိုင်လုပ်ငန်း စာမေးပွဲ အောင်နိုင်အောင် လိုအပ်တဲ့ ဗဟုသုတကို သင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။

စာမေးပွဲမှာ ဂျပန်စကားနဲ့ မေးခွန်းမေးမှာမို့လို့ သင်တန်းမှာလည်း အကြောင်းအရာကို ဂျပန်လို အဓိက ရှင်းပြပြီး တစ်ချို့လိုအပ်တဲ့အချက်ကို မြန်မာလိုရှင်းပြသွားပါမယ်။

သင်တန်းသားအနေနဲ့ အကြောင်းအရာအလိုက် စီစဉ်ရိုက်ကူးထားသော ဗီဒီယိုကို ကြည့်ရှုလေ့လာပြီး လိုအပ်တဲ့ ဗဟုသုတကို ပထမလေ့လာရမယ်။ သင်တန်းဗီဒီယိုသည် တစ်ခု ကို ၅ မိနစ်မှာ ၁၅ မိနှစ်လောက်ပဲ ကြာပါတယ်။ အချိန်ရှိတဲ့အခါမှာ သင်တန်ဗီဒီယိုကို အကြိမ်ကြိမ်လေ့လာဖို့ အကြံပေးပါတယ်။ ဗီဒီယိုမှာ သင်ခန်းစာအလုပ်မှာ ရေးထားတဲ့ ဂျပန်စာကို ဖတ်ပြပေးမှာမို့လို့ ဗီဒီယိုကို အကြိမ်ကြိမ်နားတောင်မယ်ဆိုရင် အလိုလို အကြောင်းအရာကို သဘောပေါက်နားလည်းသွားပါလိမ့်မယ်။

ဗီဒီယိုသင်တန်းတစ်ခုတည်းဆိုရင် နားမလည်တဲ့ အချက်တွေ အများကြီး ကျန်သွားမှာမို့လို့ တနင်္ဂနွေတိုင်း တစ်ပတ်အတွင်း လေ့လာခဲ့တဲ့ အကြောင်းအရာကို သေချာ နားလည်သဘောပေါက်သွားအောင် အွန်လိုင်းသင်တန်းဖွင့်ပြီး အမေးအဖြေလုပ်ရင်းနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို သင်ကြားရှင်းပြပေးပါမယ်။

တကယ်လို့ ကြားရက်မှာ နားမလည်တဲ့အချက်တွေရှိခဲ့ရင် Messenger ကနေ မေးမြန်းနိုင်ပါတယ်။

オンライン研修について (အွန်လိုင်းသင်တန်းအကြောင်း)

သင်တန်းကာလ 2022.08.22 – 2022.09.30

စားသောက်ဆိုင်သင်တန်းကို ၂၀၂၂ ခုနှစ်သြဂုတ်လ ၂၂ ရက်မှ စက်တင်ဘာလ ၃၀ ရက်နေအထိ ကျင်းပသွားပါမယ်။ သင်တန်းပထမရက်ဖြစ်တဲ့ သြဂုတ်လ ၂၂ ရက် ည ၉ နာရီမှာ သင်တန်းဖွင့် ပထမ အွန်လိုင်သင်တန်းကို စီစဉ်ကျင်းပသွားပါမယ်။ သင်တန်းတက်သူကို အွန်လိုင်းသင်တန်း လင့်ကို ပို့ပေးပါမယ်။

သင်တန်းကာလအတွင်း တနင်္ဂနွေနေ့ ည ၉နာရီမှ အွန်လိုင်းသင်တန်းကို ကျင်းပသွားပါမယ်။ တနင်္ဂနွေနေ့သင်တန်းမှာ တစ်ပတ်အတွင် သင်ယူလေ့လာတဲ့အကြောင်းအရာကို အမေးအဖြေလုပ်ရင်းနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့သင်တန်းနဲ့ လင့်ကိုလည်း သင်တန်းသားကို သင်တန်းစပြီးမှ ပို့ပေးပါမယ်။

ビデオ研修について

衛生管理 (သန့်ရှင်းမှုစီမံခန့်ခွဲရေး)

飲食物調理 (ဟင်းချက်နည်း)

接客全般 (Customer ဆက်ဆံရေး)

            

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です