အိုဆာကာမြို့က အရမ်းတန်တဲ့ ခရီးသွားလက်မှတ် Osaka Amazing Pass အကြောင်း

အိုဆာကာမြို့ အရမ်းတန်တဲ့ ခရီးသွားလက်မှတ်များရှိပါတယ်။

အိုဆာကာမြို့ကို အပန်းဖြေ အလည်ခရီးလာမယ်ဆိုရင် သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်က အိုဆာကာမြို့ကို ဈေးသက်သက်သာသာနဲ့ လည်ပတ်နိုင်တဲ့ ခရီးသွားလက်မှတ်ရှိတယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ လက်မှတ်ကို ဝယ်ယူရုံနဲ့ ခရီးသွား အများဆုံးသွားလည်တဲ့ နေရာပေါင်း မျိုးစုံကို အခမဲ့ သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒီ ပိုစ့်မှာ ဒီလက်မှတ်အကြောင်းကို ဂျပန်ကြီး အိုဆာကာမြို့ကို ကိုယ့်ကိုယ်တိုင် အပန်းဖြေအလည်ခရီးသွားတဲ့ အတွေ့အကြုံကို အခြေခံပြီး ရှင်းပြသွားပါမယ်။

ခရီးသွားလက်မှတ် ၂ မျိုး

အိုဆာကာမြို့မှာ အရမ်းတန်းတဲ့ ခရီးသွားလက်မှတ်က တစ်မျိုးတည်းရှိတာမဟုတ်ပဲ ၂ မျိုးတောင် ရှိနေပါတယ်။  

အရမ်းတန်တဲ့ ခရီးသွားလက်မှတ် ၂ မျိုး

တစ်မျိုးကို 大阪周遊パス(Osaka Amazing Pass)လိုခေါ်ပြီး နောက်ထပ်တစ်မျိုးကိုတော့ 大阪楽遊パス (Osaka e-Pass)လိုခေါ်ပါတယ်။

အင်္ဂလိပ်နာမည်ကို ကြည့်မယ်ဆိုရင် ဒီ ၂ မျိုးက ရောစရာအကြောင်းမရှိပေမယ် ဂျပန်လူမျိုးဖြစ်တဲ့ ဂျပန်ကြီးက ပထမ ဒီ လက်မှတ် ၂ မျိုးကို ကြည့်တဲ့ အခါ ဆင်တူယိုးမှားဖြစ်နေတာမို့ စတွေ့တွေ့ချငင်းမှာ ဘယ်ဟာက ဘယ်ဟာမှန်း မသိခဲ့ပါဘူး။ ခရီးသွားလမ်းညွှန်စင်တာကို ဝင်ပြီး သေချာရှင်းပြခိုင်းမှာ ဘယ်လိုကွာသလဲ ဘယ်ဟာက ပိုတန်သလဲကို သိခဲ့ရပါတယ်။

တကယ် Amazing ဖြစ်တဲ့ Osaka Amazing Pass

ဂျပန်ကြီးရဲ့ အိုဆာကာ အလည်ခရီးမှာ ကိုယ့်ကိုယ်တိုင် ဝယ်သုံးတာက Osaka Amazing Pass ဖြစ်ပါတယ်။ နာမည်မှည့်တာ တကယ်မှန်တယ်။ အသုံးပြုရတာ မယုံကြည်နိုင်လောက်အောင် အံ့သြစရာပဲ။ ဂျပန်ကြီး နေနေတဲ့ တိုကျိုမြို့မှာ ဒီလိုမျိုး ခရီးသွားလက်မှတ် တစ်သက်လုံး ရှိလာမယ်မထင်ဘူး။

အိုဆာကာမြို့မှာ နာမည်ကြီး ခရီးသွားလည်စရာနေရာ ဥပမာ ကမ္ဘာကျော် Sky Building ၊ အိုဆာကာရဲတိုက်၊ အပျော်စီးသင်္ဘာ အစရှိသော နေရာပေါင်း ၅၀ ကျော်ကို ဒီလက်မှတ် တစ်စောင်ဝယ်ယူရုံနဲ့ အခမဲ့ ဝင်ရောက်အသုံးပြုနိုင်တယ်အပြင် အိုဆာကာမြို့က မြေအောက်ရထားနဲ့ ဘတ်စကားကိုလည်း Free စီးလို့ရပါတယ်။

ဒီလက်မှတ်ဝယ်တာနဲ့ တစ်ခြား ကုန်ကျစရာမလိုပဲ အိုဆာကာမြို့ကို Enjoy လုပ်နိုင်ပါတယ်။

ဒါပေမယ့် ဝမ်းနည်းစရာသတင်းက အိုဆာကာမြို့မှာ နာမည်ကျော် Universal Studio ကို ဒီလက်မှတ်နဲ့ ဝင်လို့ရတာမဟုတ်ဘူး။ Universal Studioမှာ လည်မယ်ဆိုပြီး အိုဆာကာကို လာတယ်ဆိုရင် ဒီလက်မှတ်က အသုံးမဝင်ဘူးဆိုတာ သတိထားဖို့လိုတယ်။

တစ်ရက်လက်မှတ်နဲ့ ၂ ရက်လက်မှတ်

Osaka Amazing Passမှာ တစ်ရက်လက်မှတ်နဲ့ ၂ ရက်လက်မှတ်ရှိပါတယ်။

တစ်ရက်လက်မှတ်က ယန်း ၂၈၀၀ ဖြစ်ပြီး ၂ ရက်လက်မှတ်က ယန်း ၃၆၀၀ ပဲ ပေးရပါတယ်။ အိုဆာကာမြို့မှာ ၁ ရက်ကျော် အချိန်ယူပြီး လည်မယ်ဆိုရင် ၂ ရက်လက်မှတ်ကို ဝယ်တာ ပိုတန်သလိုခံစားရတယ်။ ဂျပန်ကြီးလည်း ၂ ရက်လက်မှတ်ကို ဝယ်ပြီး အိုဆာကာမြို့ကို ပတ်ခဲ့တယ်။

ဘယ်လောက်တန်သလဲ

 အိုဆာကာဘူတာကနေ နီးတဲ့ Sky Building ဆိုရင် အပေါ်တက်ဖို့ ယန်း ၁၅၀၀ ပေးရတယ်။ အိုဆာကာရဲတိုက်ဆိုရင်လည်း ယန်း ၆၀၀ ပေးရတယ်။ အပျော်စီးသင်္ဘာစီးမယ်ဆိုရင် ယန်း ၁၂၀၀၊ ခု ခေတ်စားနေတဲ့ Tsutenkaku မျော်စင်က လျှောကြီး စီးမယ်ဆိုရင် ၁၀ စက္ကန့်ကို ယန်း ၁၀၀၀တောင်ပေးရတယ်။

ဒါပေမယ့် ဒီခရီးသွားလက်မှတ် Osaka Amazing Passကို ဝယ်လိုက်ရင် ဒါတွေအကုန်လုံးကို အခမဲ့ ဝင်ကြည့်လို့ စီးလို့ရပါတယ်။ ဒါအပြင် ပုံမှန်ဆို ယန်း ၈၀၀ ပေးရမယ် အိုဆာကာ မြေအောက်ရထားရဲ့ တစ်ရက်လက်မှတ်ကလည်း ပါလာတယ်ဆိုတော့ တစ်ရက် ယန်း ၄ ၅ ထောင်လိုက်ကုန်မှာကို တစ်ဝက်ဈေးတောင် ပေးစရာမလိုပဲ လည်ပတ်နိုင်ပါတယ်။ ၂ ရက်လက်မှတ်ဆိုရင် အိုဆာကာမြို့ကို နှံ့အောင်လည်ရင်တောင်မှ ယန်း ၃၆၀၀ပဲဆိုတော့ အရမ်းတန်ပါတယ်။

ဒါအပြင် တစ်ချို့စားသောက်ဆိုင်မှာ ဒီလက်မှတ်ကို ပြမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပေးတာလည်းရှိတာမို့ ပိုတန်တာပေါ့။

ဒီလက်မှတ်နဲ့ အခမဲ့ အသုံးပြုနိုင်တဲ့နေရာများ

ဒီခရီးသွားလက်မှတ် တစ်စောင်နဲ့ အခမဲ့ အသုံးပြုနိုင်တဲ့နေရာများကို အောက်ပါ လင့်ကနေလေ့လာနိုင်ပါတယ်။

https://www.osp.osaka-info.jp/jp/facility/free

တစ်ချို့နေရာဆိုရင် သိပ်နာမည်မကြီးလို့ ဂျပန်ကြီး မသိခဲ့တဲ့နေရာလည်း အများကြီးပဲ။ ဒီလို စာရင်းလုပ်ပေးတာလို့ အိုဆာကာမြို့ကို အစီအစဉ်တကျ အချိန်ကို အကောင်းဆုံးအသုံးပြုပြီးလည်နိုင်ခဲ့ပါတယ်။

လက်မှတ်ကို ဘယ်မှာ ဝယ်လို့ရသလဲ။

Osaka Amazing Passကို အောက်ပါ Official Siteကနေ အွန်လိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

https://www.osp.osaka-info.jp/en/

အွန်လိုင်းမှာ ဝယ်ယူနိုင်ပေမယ့် တကယ်သုံးမယ်ဆိုရင် ကတ်တစ်စောင် အရောင်းဌာနမှ ထုတ်ယူပြီး အသုံးပြုရတာမို့ အိုဆာကာမြို့ကို ကျည်ဆန်ရထား ညဘတ်စကားနဲ့ ရောက်တာနဲ့ နီးစပ်ရာ ခရီးသွားလမ်းညွှန်စင်တာ၊ မြေအောက်ရထားဘူတာမှာ ဝယ်တာက ပိုအဆင်ပြေမယ်ထင်ပါတယ်။ အွန်လိုင်းမှာ ဝယ်ရင်လည်း ကောင်တာကိုသွားပြီး ပြေစာကိုပြ ကတ်ထုတ်ရပါတယ်။

သတိထားရန်

ဂျပန်ကြီး လေ့လာသလောက်ဆိုရင် ဒီခရီးသွားလက်မှတ်အစီအစဉ်က အနည်းဆုံး ၂၀၂၃ခုနှစ် ဧပြီလအထိတော့ရှိပါတယ်။ ဒါပေမယ် ကိုဗစ်အပြီး ကမ္ဘာခရီးသည် အမြောက်အများ အိုဆာကာကို ပြန်ရောက်လာတဲ့ အခါ ဒီအစီအစဉ်က ဆက်ရှိမရှိ မပြောတတ်ဘူး။

ဒီအစီအစဉ်က ပထမ နိုင်ငံခြားခရီးသည်ကို ပစ်မှတ်ထားပြီး စခဲ့တဲ့ အစီအစဉ်မို့လို့ နောင်မှာ ဂျပန်ပြည်တွင်းမှာ နေသူဆိုရင် လက်မှတ်မရောင်းတာမျိုးလည်း ပြန်ဖြစ်သွားနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အိုဆာကာကို အလည်ခရီးသွားမယ်ဆိုရင် အခု သွားသင့်ပါတယ်။

တန်တဲ့ခရီးသွားလက်မှတ် နောက်ထပ်တစ်မျိုး Osaka e-Pass

နောက်ဆုံးမှာ ခရီးသွားလက်မှတ် နောက်ထပ်တစ်မျိုးအကြောင်းကိုလည်း အနည်းငယ်ရှင်းပြရမယ် ထင်ပါတယ်။

ဒီလက်မှတ်လည်း Osaka Amazing Passလို မစုံဘူးပေမယ့် အိုဆာကာရှိ လည်စရာနေရာ အခု ၂၀ ကျော်ကို အခမဲ့ သွားလည်းနိုင်ပါတယ်။ စျေးက တစ်ရက်ကို ယန်း ၂၀၀၀ ၂ ရက်ဆိုရင် ယန်း ၂၅၀၀ ဆိုပေမယ့် မြေအောက်ရထား Free စီးလို့ မရပဲ နောက်ထပ် ယန်း ၈၀၀  Option ကြေးပေးပြီးစီးရတာမို့ တစ်ရက်ပဲ လည်မယ်ဆိုရင် Osaka Amazing Passနဲ့ ဈေးအတူတူပဲ။

ဒီလက်မှတ်က ဖုန်းမှာ QR code ကို ပြပြီး အသုံးပြုရပြီး မြေအောက်ရထားလက်မှတ်အတွက် ကောင်တာကို သွားပြီး လက်မှတ်ထုတ်ယူရတာမို့ အလုပ်ရှုပ်ပြီး အကျိုးသက်ရောက်မှုက Osaka Amazing Passထက်တောင် နည်းတာမို့ ဂျပန်ကြီး မကြိုက်လို့ မဝယ်ခဲ့တာပါ။

ဒါပေမယ့် အိုဆာကာအပြင် တစ်ခြား ကျိုတိုလို ကိုဘဲမြို့ကို သွားလည်မယ်ဆိုရင် ရထားလက်မှတ်က သက်သာသွားမယ့် အစီအစဉ်လည်းရှိတာမို့ ဒီလက်မှတ်ကလည်း တန်ပါတယ်လို့ ရေးထားတဲ့ ပိုစ့်ကိုလည်းတွေ့ဘူးပါတယ်။ ဒါပေမယ့် ဂျပန်ကြီး တကယ်သုံးတာမဟုတ်သောကြောင့် သိပ်မရှင်းပြတတ်ဘူး။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です