行政書士 လဝကရှေ့နေများကို မိတ်ဆက်ပေးခြင်း၏

ဂျပန်နိုင်ငံမှာ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဗီဇာလျှောက်မယ်ဆိုရင် လဝကရှေ့နေအကူအညီမတောင်းပဲ ကိုယ့်ကိုယ်တိုင်လျှောက်လို့လည်းရပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်တိုင်လျှောက်တဲ့အခါ ပြင်ဆင်ဖို့ အချိန်ကြာပြီး တခါတရံ စာရွက်စာတမ်းမပြည့်စုံလို့ ရုံးကို ပြန်သွားရတာမျိုးနဲ့ ကြုံတတ်ပါတယ်။

ထို့ကြောင့် ဗီဇာသေချာရအောင် လဝကရှေ့နေရဲ့ အကူအညီက လိုအပ်လာပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံမှာ လဝကရှေ့နေ အမြောက်အများရှိပြီး နိုင်ငံခြားသားတွေကို လိမ်စားတဲ့ လဝကရှေ့နေတောင်ရှိတယ်လို့ကြားခဲ့ဘူးသလို့ စကားပြောတာ အရမ်းရိုင်းစိုင်းပြီး ငွေပဲ တောင်းဖို့ပဲစဉ်းစားနေတဲ့ လဝကရှေ့နေလည်းရှိပါတယ်။

ဂျပန်ကြီးကိုလည်း လဝကရှေ့နေကောင်းအသိမရှိဘူးလားလို့ မေးသူများလည်းရှိနေသောကြောင့် အောက်မှာ ဂျပန်ကြီး ယုံကြည်စိတ်ချရတယ်လို့ထင်တဲ့ လဝကရှေ့နေများကို မိတ်ဆက်ပေးထားပါမယ်။

တိုကျိုမြို့ရှိ 行政書士 လဝကရှေ့နေများ

のれん行政書士事務所 ရဲ့ Kato Sensi

နိုင်ငံခြားသားများအတွက် ဗီဇာလျှောက်ပေးခြင်း၊ စီးပွားလုပ်ငန်းအသစ် တည်တောင်ခြင်းဆိုရာကိစ္စရပ်များ၊ ဂျပန်နိုင်ငံသားနဲ့ လက်ထပ်ခြင်း၊ ဂျပန်နိုင်ငံသားခံယူခြင်းအစရှိသော နိုင်ငံခြားသားများက ရင်ဆိုင်နေရတဲ့ အခက်အခဲများကို တိုင်ပင်ပြေရှင်းပေးနေပါတယ်။

ဂျပန်နိုင်ငံရဲ့ အစိုးရရုံးပိုင်းဆိုင်ရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေပြီး အခြားလဝကရှေ့နေက လက်လျှော့လိုက်တဲ့ အမှုများ၊ တစ်ခါ အပယ်ခံရတဲ့ အမှုများကိုလည်း ပြေလည်အောင် ကူညီဆောင်ရွက်ပေးနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အမျိုးသမီးက နိုင်ငံခြားသူဖြစ်သောကြောင့် ကိုယ်ချင်းစာပြီး တိုင်ပင်ဆွေးနွေးအဖြေရှားပေးနေပါတယ်။

ဂျပန်ကြီးကို အမြဲကူညီခဲ့တဲ့ マンデラ行政書士事務所က Yokouchi Senseiက မိတ်ဆက်ပေးတဲ့ လဝကရှေ့နေဖြစ်ပါတယ်။

Silkroad International Immigration Consulting and Legal Support ရဲ့ Sato Sensei

ဂျပန်ကြီး တစ်ခါ အင်တာဗျူးလုပ်ခဲ့ဘူးတဲ့ လဝကရှေ့နေဖြစ်ပါတယ်။

ဂျပန်ရောက်မြန်မာများအတွက် ဗီဇာကိစ္စအဝဝကို ဝန်ဆောင်မှုပေးနေပါတယ်။

ရှေ့နေကိုယ်တိုင်လည်း မြန်မာစကားအနည်းငယ်ပြောတတ်သောကြောင့် အခက်အခဲများကို တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

関西(かんさい)ဒေသရှိ 行政書士 လဝကရှေ့နေကိုရှာမယ်။

行政書士ラティーフ法務事務所 Takeuchi Sensi

ဗီာကိစ္စနဲ့ပတ်သက်တဲ့အတွေ့အကြုံပေါကြွယ်ဝသောကြောင့် ဗီဇာလျှောက်ထားမှုကို ယုံကြည်စွာအပ်နိုင်ပါတယ်။

ဗီဇာကိစ္စနဲ့ပတ်သက်ပြီး မသိနားမလည်တဲ့အချက်မှ ပြေရှင်းဖို့မလွယ်တဲ့အချက်အထိ ကျွန်တော်တို့နဲ့ လာပြီး တိုင်ပင်ဆွေးနွေးကြပါ။ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲများကို သေချာနားထောင်ပြီး တိုင်ပင်ဆွေးနွေးသူနဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။

လဝက ဥပဒေစည်းမျဉ်းများသည် အပြောင်းအလဲအမြဲရှိနေသောကြောင့် လဝကရဲ့ ဗီဇစစ်ဆေးမှုစံနှုန်းများ လက်တွေ့အခြေအနေကို အခြေခံပြီး တိုင်ပင်ဆွေးနွေးသူအတွက် အကောင်းဆုံးအဖြေရအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်။

かんさいဒေသမှာ ဂျပန်ကြီး အကူညအညီတောင်းနေတဲ့ လဝကရှေ့နေဖြစ်ပါတယ်။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です