ဂျပန်ရောက်မြန်မာများအတွက် ဂျပန်လျှပ်စစ် Certificate သင်တန်းဖွင့်နေတဲ့ ကိုအောင်သူမင်းနဲ့ အင်တာဗျူး

ဂျပန်မှာ လျှပ်စစ်အင်ဂျင်နီယာရဲ့အခြေခံ 第二種電気工事士 ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲဖြေမယ်ဆိုရင် ၉လပိုင်း ၈ရက်မတိုင်ခင် လျှောက်မယ်ဆိုရင်ရနိုင်ပါတယ်

အင်ဂျင်နီယာအလုပ်ဆိုပြီး ဂျပန်ရောက်ပေမယ့် အင်ဂျင်နီယာမဟုတ်လည်းလုပ်နိုင်တဲ့အလုပ်လုပ်နေသူများ ဒီစာမေးပွဲကို ဖြေကြည့်ပါ

မင်္ဂလာပါ ဒီနေ့ ဂျပန်အစိုးရလျှပ်စစ်အင်ဂျင်နီယာလက်မှတ် တစ်မျိုးဖြစ်တဲ့ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်အတွက် သင်တန်းဖွင့်နေတဲ့ ကိုအောင်သူမင်းကို ဒုတိယကြိမ် အင်တာဗျူးချင်ပါတယ်

🇯🇵ဂျပန်ကြီး

ကိုအောင်သူအင်း မင်္ဂလာပါ

🇲🇲ကိုအောင်သူမင်း

မင်္ဂလာပါ ခင်ဗျား

🇯🇵ဂျပန်ကြီး

ကိုအောင်သူမင်းသင်ပေးနေတဲ့ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ဆိုတာ ဘယ်လိုလက်မှတ်မျိုးဖြစ်သလဲကိုရှင်းပြပေးပါ

🇲🇲ကိုအောင်သူမင်း

ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်က ဂျပန်အစိုးရအသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်တယ်။ ဆောက်လုပ်ရေး ဆိုက်မှာ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်မရှိရင် လျှပ်စသ်နဲ့ပတ်သက်တဲ့ အလုပ်အတော်များများကို လုပ်လို့မရဘူး။ လက်မှတ်မရှိဘူးဆိုရင် မြေအောက် ပိုက်မြှုပ်တာကလွဲပြီး ဘာမှလုပ်လို့မရဘူး။ ဒီလက်မှတ်ရှိရင် ၁၀၀v ၂၀၀vလုပ်လို့ရတယ်။ ဒါပေမယ့် 3 phase က ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရှိမှသာ လုပ်လို့ရတယ်။

🇯🇵ဂျပန်ကြီး

ဒါဆိုရင် မြန်မာပြည်မှာ လျှပ်စစ်နဲ့ဘွဲ့ရသူလည်း ဒီလက်မှတ်မရှိဘူးဆိုရင် ဂျပန်ပြည်မှာ လျှပ်စစ်အလုပ်ကို လုပ်လို့မရဘူးပေါ့နော်

🇲🇲ကိုအောင်သူမင်း

မရပါဘူး

🇯🇵ဂျပန်ကြီး

ဒီလက်မှတ်ရရင် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘယ်လိုလမ်းဖွင့်လာမလဲ

🇲🇲ကိုအောင်သူမင်း

ပထမ ဒုတ်ယလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲကိုဖြေ အောင်ရင် ပထမလျှပ်စစ်ကျွမ်းကျင်သူစာမေးပွဲကိုဖြေလို့ရတယ်။ အောင်ပြီး လုပ်ငန်းအတွေ့အကြုံ ၃နှစ်ရှိရင် ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရမယ်

ထပ်ပြီးဆက်သွားလို့ရတာက လျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်ဆိုတာရှိတယ် လျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်က ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရှိမှ ဖြေလို့ရတယ်

🇯🇵မြန်မာနိုင်ရဲ့ ဆိုက်အင်ဂျင်နီယာဆို ဂျပန်မှာ ဘယ်အဆင့်လောက်ရှိသလဲ ပထမတန်းလျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်အဆင့်လောက်ရှိသလဲ

🇲🇲 ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဆိုက်အင်ဂျင်နီယာလောက်ရှိမယ် တကယ်လို့ ပထမတန်းလျှပ်စစ်လုပ်ငန်းကြီးကြပ်သူဖြစ်ရင် မြန်မာနိုင်ငံမှာဆိုရင် Chief အင်ဂျင်နီယာလောက်ရှိမယ်

🇯🇵ဒါဆိုရင် ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်က ဂျပန်ပြည်မှာ Chief အင်ဂျင်နီယာဖြစ်ဖို့ ပထမခြေလှမ်းလို့ပြောလို့ရသလား

🇲🇲ကိုအောင်သူမင်း

ဟုတ် ရပါတယ်

🇯🇵ဂျပန်ကြီး

ဒုတ်ယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲဖြေဖို့ ဘယ်လိုသတ်မှတ်ချက်တွေရှိသလဲ

🇲🇲ကိုအောင်သူမင်း

သတ်မှတ်ချက်ကမရှိပါဘူး ဘယ်သူအဆို အလုပ်သင်နဲ့ အခုပ်လုပ်နေသူလည်းရတယ် ကျောင်းသားဆိုလည်းရပါတယ် ဖြေပြီး အောင်လိုက်ရင် ချက်ချင်း လက်မှတ်ထုတ်ပေးတယ်

🇯🇵ဂျအန်ကြီး

စာမေးပွဲမှာ မေးမယ့် ဘာသာရပ်တွေက ဘာလဲ ဘယ်လိုပြင်ဆင်ရမလဲ

🇲🇲ကိုအောင်သူမင်း

စာမေးပွဲမှာမေးမယ့် ဘာသာရပ်က ဂျပန်နိုင်ငံမှာ မဖြစ်မနေ လိုက်နာရမယ့် လျှပ်စစ်နဲ့ အတ်သက်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ လျှပ်စစ်နဲ့ပတ်သက်တဲ့ ထွက်စာ ဒါအပြင် ဂျပန်ပြည်မှာ drawing မှာသုံးတဲ့ သင်္ကေတတွေ ဒါက မြန်မာပြည်မှာသုံးနေကြတဲ့ သင်္ကေတနဲ့ မတူဘူး ဒါတွေကို လေ့လာရမယ် ဒီလို သင်္ကေတတွေကို မလေ့လာဘူးဆိုရင် ဂျပန်ပြည်မှာ လပြ်ငန်းခွင်မှာ ဒုက္ခရောက်မယ်

🇯🇵ဂျပန်ကြီး

သင်တန်းကို ဘယလိုလူစားမျိုးက တက်နေကြသလဲ

🇲🇲ကိုအောင်သူမင်း

​ပထမ မြန်မာပြည်မှာ လျှပ်စစ်နဲ့ ဘွဲ့ရပြီး ဂျပန်နိုင်ငံကို Training နဲ့ ရောက်လာခဲ့သူ အလုပ်ဗီဇာနဲ့ လာပေမယ့် လျှပ်စစ်အလုပ်ကိုမလုပ်တဲ့ အင်ဂျင်နီယာ မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ဘွဲ့ရပြီး ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့သူ ဒီလိုလူတွေက လျှပ်စစ်အလုပ်မပြောင်းခင် ဒီလက်မှတ်ရှိရင် အလုပ်ရလွယ်တယ်ဆိုပြီး လာတတ်ကြတယ်

🇯🇵ဂျပန်ကြီး

ဒီစာမေးပွဲက တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ရှိတာလဲ

🇲🇲ကိုအောင်သူမင်း

၂ကြိမ်ပါ ၅လပိုင်းနဲ့ ၁၀လပိုင်း

🇯🇵ဂျပန်ကြီး

၁၀လပိုင်း စာမေးပွဲအတွက် လျှောက်လွှာတင်မယ်ဆိုရင် အချိန်မီသလား

🇲🇲ကိုအောင်သူမင်း

စာမေးပွဲလျှောက်လွှာကို စက်တင်ဘာလ ၈ရက်အထိ လျှောက်လို့ရပါတယ်

🇯🇵ဂျပန်ကြီး

ဒီစာမေးပွဲအောင်ဖို့ ဂျပန်စာတတ်မယ်ဆိုရင် အဆင်ပြေမလား

🇲🇲ကိုအောင်သူမင်း

ဂျအန်စာတတ်ရုံနဲ့တော့ညအဆင်မပြေဘူး လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဂျပန်စကားလုံးလည်းရှိတာမို့ ဂျပန်စာတတ်ရုံနဲ့တော့အဆင်မပြေဘူး ဒါအပြင် လုပ်ငန်းအတွေ့အကြုံလည်းခိုတယ်ဆိုတော့ ဒီလို သင်ပေးမယ့်သူဆီမှာတတ်တာက အဆင်ပြေမယ်ထင်တယ်

🇯🇵ဂျပန်ကြီး

အခု သင်တန်းက လူပြည့်နေတယ်လို့ကြားပါတယ် သင်တန်းအသစ်ဖွင့်ဖို့ အစီအစဉ်ရှိသလား

🇲🇲ကိုအောင်သူမင်း

ကျွန်တော်ကတော့ တစ်နှစ်မှာ ၂ ကြိမ်သင်တန်း ပုံမှန်ဖွင့်ဖို့ အစီအစဉ်ရှိပါတယ် ၅ လပိုင်းစာမေးပွဲအတွက်ဆို ဇန်နဝါရီလမှာ ၁၀ လပိုင်းစာမေးပွဲဆိုရင် ဇူလိုင်လမှာ သင်တန်းဖွင့်ပါတယ်

🇯🇵ဂျပန်ကြီး

ဒီလက်မှတ်ရမယ်ဆိုရင် ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာအဖြစ်လမ်းက ဖွင့်လာမယ် ဒါကြောင့် ဒီစာမေးပွဲကို အားလုံးကြိုးစားပြီးဖြေစေချင်ပါတယ် ကိုအောင်သူမင်းရဲ့ သင်တန်းလင့်ကိုလည်း အောက်မှာ ဖော်ပြပေးထားပါမယ် အင်တက်ဗျူးလက်ခံဖြေဆိုပေးတဲ့ ကိုအောင်သူမင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်

ကိုအောင်သူမင်းဖွင့်တဲ့ လျှပ်စစ်သင်တန်း

Japan Electorical Knowledge Sharing

ကိုအောင်သူမင်းသင်တန်းမှာအသုံးပြုနေတဲ့သင်ခန်းစာစာအုပ်

ဂျပန်ကြီး Self-Study လုပ်ရာမှာ အသုံးပြုနေတဲ့ စာအလုပ်

လက်တွေ့စာမေးပွဲအတွက် လေ့ကျင့်ရန်

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です