ဂျပန် IT Certificate FE/AP စာမေးပွဲအောင်ဖို့ ဘယ်လိုပြင်ဆင်ရမလဲ။

AP စာမေးပွဲအောင်တဲ့ မဖြိုးယဉ်ဝင်းနဲ့ အင်တာဗျူး

ဂျပန် IT Certificate စနစ်မှာ Level 4 အဆင့်ရှိပြီး အခြေခံအကဆုံးအဆင့်ဖြစ်တဲ့ Level 1 မှာ IT Passposrt (IP)၊ အင်ဂျင်နီယာရဲ့ အခြေခံ အဆင့်ဖြစ်တဲ့ Level 2 မှာ Fundamental Information Technology Engineer Examination (FE)၊ အင်ဂျင်နီယာအဖြစ် ကောင်းကောင်းအလုပ်လုပ်နိုင်တဲ့အဆင့်ဖြစ်တဲ့ Level 3 မှာ Applied Information Technology Engieer Examination (AP) ရှိပြီး Level 4 မှာတော့ နည်းပညာနယ်ပယ်အလိုက် စာမေးပွဲများရှိပါတယ်။

နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုရင် ဂျပန်ပြည်မှာ အလုပ်လုပ်မယ်ဆိုရင် ဂျပန်အင်ဂျင်နီယာတွေနဲ့ ယဉ်ပြိင်ရတာမို့ အိုင်တီကုမ္ပဏီမှာ Certificate မရှိလည်း အလုပ်ရနိုင်တာမှန်ပေမယ့် မိမိရဲ့ ကျွမ်းကျင်မှုကို သက်သေပြနိုင်ဖို့ ဒီလို Certificate ကို အောင်အောင်ဖြေပြီး အသုံးချသင့်တယ်လို့ ဂျပန်ကြီး မြင်ပါတယ်။

အင်တာဗျူးမှာ ဒီစာမေးပွဲအောင်လက်မှတ်ရဖို့ ဘယ်လို ပြင်ဆင်ခဲ့သလဲကို မေးမြန်းထားပါတယ်။

ဂျပန်ကို အိုင်တီနဲ့ လာဖို့ ရည်ရွယ်နေသူရော ဂျပန်မှာ တစ်ခြားအလုပ်လုပ်နေသူပါ ဒီစာမေးပွဲကို ဖြေကြပါလို့ ဂျပန်ကြီး အကြုံပြုတိုက်တွန်းချင်ပါတယ်။ ဂျပန်အစိုးရသည် ဒီလက်မှတ်ရှိသူကို တက္ကသိုလ်မှာ ကွန်ပျူတာဘွဲ့ရှိသူနှင့် အရည်အချင်းတူသူဟု မှတ်ယူပြီး အလုပ်ဗီဇာကို ထုတ်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။ (လက်မှတ်ရှိပြီး အလုပ်လုပ်မယ့်အိုင်တီကုမ္ပဏီရှိမှသာ)

ဒီစာမေးပွဲအတွက် ဘယ်လိုပြင်ဆင်သင့်သလဲ၊ ဒီစာမေးပွဲက ဘယ်လိုအသုံးဝင်သလဲကို အင်တာဗျူးဗီဒီယိုကို ကြည့်ပြီး လေ့လာကြပါ။

အင်တာဗျူးကို လက်ခံဖြေဆိုပေးတဲ့ မဖြိုးယဉ်ဝင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဂျပန်ကြီဝက်ဘ်ဆိုက်မှာ FE အကြောင်းကို နည်းနည်း အသေးစိတ်ရှင်းပြထားပါတယ်။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です