ဂျပန်နိုင်ငံမှာ CADသင်တန်းဖွင့်နေတဲ့ မသန္တာဦးနဲ့အင်တာဗျူး

ဂျပန်အင်ဂျင်နီယာအလုပ်ရဲ့အခြေခံဟု ဂျပန်ကြီး အရင်က ပိုစ့်တင်ပေးထားတဲ့ CAD利用者技術資格2級(ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) စာမေးပွဲအတွက် CAD Training Program In Japan ဟု နာမည်နဲ့ သင်တန်းဖွင့်ထားတဲ့ မသန္နာဦးနဲ့ အင်တာဗျူး

🇯🇵 ဂျပန်ကြီး။

ကိုယ့်ကိုယ်ကိုမိတ်ဆက်ပေးပါ။

🇲🇲 သန္တာဦး။

ကျွန်မနာမည် သန္တာဦးပါ။ 2016မှာ မကွေးနည်းပညာတက္ကသိုလ်က စက်မှုအင်ဂျင်နီယာနဲ့ဘွဲ့ရခဲ့ပါတယ်။ မြန်မာမှာ ဂျပန်စာတစ်နှစ်သင်ပြီး ၂၀၁၈ခုနှစ်မှာ ဂျပန်နိုင်ငံ AOTS အသင်းနဲ့ ဂျပန်ကုမ္ပဏီတစ်ခုက ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အဖြစ် Construction Management ကို OJTအနေနဲ့ တစ်နှစ်ကြာ လေ့လာသင်ယူခဲ့ပါတယ်။ တစ်နှစ်ပြည့်တော့ မြန်မာရုံးခွဲအလုပ်အတွက် ခဏပြန်ပြီး ဂျပန်ကုမ္ပဏီကို ပြန်လာခဲ့ပါတယ်။ Construction Management နဲ့ CAD Designer အနေနဲ့ နှစ်နှစ်ဆက်လုပ်ခဲ့ပါတယ်။

၂၀၂၁မှာ CAD ပိုင်းကို Skill Up လုပ်ချင်လို့ အလုပ်‌ပြောင်းမယ်လို့ ဆုံးဖြတ်ပြီး အလုပ်ရှာပါတယ်။ CAD အတွေ့အကြုံ ၃နှစ်ကျော်ရှိလို့ ဘာပုံလာလာဆွဲတက်တယ်။ ဒါပေမဲ့ အင်တာဗျူးတစ်ခုမှာ Japan Industrial Standard (JIS) နဲ့အညီဆွဲတက်လားလို့ အမေးခံခဲ့ရပါတယ်။ ကျွန်မက Self-Studyနဲ့ပဲ လေ့လာခဲ့တာမို့ JIS အကြောင်းသိပ်မသိခဲ့ဘူး။ ဒါကြောင့် အလုပ်ပြောင်းခဲ့ပြီး CAD利用者技術資格2級(ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ)、CAD利用者技術資格1級(建築)(ပထမတန်း CAD အသုံးပြုဆောက်လုပ်ရေးအင်ဂျင်နီယာ) ကိုဖြေဆိုခဲ့ပါတယ်။

လက်ရှိကတော့ Super Contractorကုမ္ပဏီမှာ MEP設計者(ဒီဇိုင်နာ)ဖြစ်ပြီး Subcontractors တွေရဲ့ BIM Admin အနေနဲ့လည်းအလုပ်လုပ်ရင်း Skill Upလုပ်နေဆဲပါဖြစ်တယ်။

🇯🇵 ဂျပန်ကြီး။

မြန်မာအင်ဂျင်နီယာအများစုက AutoCAD ဆွဲတတ်တဲ့သားနဲ့ ဘာကြောင့် CAD သင်တန်းကို ဖွင့်ပြီး စာသင်ပေးနေသလဲ။

🇲🇲 သန္တာဦး။

CADオペレーターအတန်းနဲ့ CAD利用者技術資格2級(ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) သင်တန်းစခဲ့ရတဲ့ ရည်ရွယ်ချက်က အလုပ်အင်တာဗျူးမှာ အထက်ပါ မေးခွန်းအမေးခံခဲ့ရလို့ပါပဲ။ သင်တန်းစုံစမ်းသူတွေထံမှလည်း အင်တာဗျုးမှာ အလားတူမေးခွန်းတွေ အမေးခံရလို့ လာတက်တာမျိုးတွေ၊ ပုံသာဆွဲနေရတယ်။ ဒါပေမယ့် ဘာကြောင့် မျဉ်းအထူတွေ ဒီလိုထားတယ်ကအစ နားမလည်လို့ လာတိုင်ပင်တာများတာနဲ့အမျှ ဒီသင်တန်းဆက်လက်ဖွင့်ဖို့ ဖြစ်သွားတာပါ။

🇯🇵 ဂျပန်ကြီး။

သင်တန်းကို ဘယ်လိုပုံစံနဲ့ သင်ပေးနေသလဲ။

🇲🇲 သန္တာဦး။

CAD Certificate အတန်းအတွက်သင်တဲ့ပုံစံကတော့ Zoomနဲ့ တစ်ပါတ် တစ်ရက် သင်ပေးပါတယ်။ ကျွန်မလေ့လာပြီး အောင်မြင်ခဲ့တဲ့ ဂျပန်ပုံနှိပ်စာအုပ်ကို Reference ယူပြီး သင်ပေးတယ့်အပြင် ကျွန်မရဲ့အတွေ့ကြုံတွေကို အခြေခံပြီး ပြန်သင်ပေးနေပါတယ်။

မှတ်စရာ အရမ်းများလို့ တစ်ခန်းပြီးတိုင်း အိမ်စာပေးပါတယ်။ သင်တန်းပြီးဆုံးရင် မေးခွန်းဟောင်း၄စုံ‌ ဖြေခိုင်းပါတယ်။

အထက်ပါ သင်ရိုးစာအုပ်လည်း နားလည်တယ်။ AutoCAD လည်း ဆွဲတက်ရင် စာမေးပွဲအောင်ပါတယ်ရှင်။

🇯🇵 ဂျပန်ကြီး။

သင်တန်းသားက ဘယ်လိုလူစားမျိုးများသလဲ။

🇲🇲 သန္တာဦး။

သင်တန်းသားအများစုက Siteထဲ ဆင်းနေရသူ၊ CADအလုပ်လုပ်ချင်ပေမဲ့ အတွေ့အကြုံမရှိသူ၊ ရုံးပိုင်းအလုပ် သီးသန့်လုပ်ချင်သူများဖြစ်ပြီး သင်တန်းသားအများစုရဲ့ ရည်ရွယ်ချက်က လက်ရှိအလုပ်ကနေ CAD ပိုင်းနဲ့အလုပ်‌ ပြောင်းချင်ကြတာပါ။

ဒါပေမယ့် CAD専門ကျောင်းသားတွေလည်းပါကြပါတယ်။ သူတို့ကတော့ ကျောင်းပြီး အလုပ်ဝင်ရင် အဆင်သင့်ဖြစ်နေအောင် တက်ကြတာများပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မသင်တန်းက CADသဘောတရားတင်မဟုတ်ပါဘူး၊ လုပ်ငန်းခွင်မှာ‌ ကြုံတက်တဲ့ CAD Trouble တွေ အတွေ့ကြုံတွေပါ ဝေမျှပေးနေတာမို့ အလုပ်မှာ တိုက်ရိုက်အသုံးချနိုင်ပါတယ်။

🇯🇵 ဂျပန်ကြီး။

ဂျပန် CAD Certificate (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ)ရှိရင် အလုပ်အသစ်ရှာတဲ့အခါ ဘာအကျိုးရှိသလဲ။

🇲🇲 သန္တာဦး။

CAD 利用者技術資格2級 (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) အောင်လက်မှတ်ရရင် 設計者(ဒီဇိုင်နာ)အလုပ်တွေ၊ CAD OPERATOR အလုပ်တွေ၊ လုပ်ငန်းအတွ့အကြုံမလိုတဲ့ 未経験CAD OPERATORတွေအတွက် အလုပ်လျှောက်ရာမှာ လုပ်ငန်းရှင်ကို စိတ်ဝင်စားအောင်ဆွဲဆောင်နိုင်တဲ့အချက် တစ်ချက်အနေနဲ့ အထောက်ကူပြုပါတယ်။

ဒီလက်မှတ်ရှိရင် အတွေ့အကြုံမရှိတာခြင်းအတူတူ ကိုယ်က JIS(Japan Industrial standard )နဲ့အညီ ပုံဆွဲတက်တာကို ဂျပန် ACSP အသင်းက အသိမှတ်ပြုပေးထားတာမို့ အားသာချက်ရှိလို့ပါ။

နောက်ပြီး CAD利用者技術資格1級(ပထမတန်း CAD အသုံးပြုအင်ဂျင်နီယာ) လက်မှတ်ရထားပြီး သက်ဆိုင်ရာနယ်ပယ်မှာ အလုပ်လုပ်နေရင် ကုမ္ပဏီအလိုက် 資格手当(အသိအမှတ်ပြုလက်မှတ်ထောက်ပံ့ကြေး) တွေ( ယန်းတစ်သောင်းခန့်)ပေးတက်ပါတယ်။

🇯🇵 ဂျပန်ကြီး။

CAD 利用者技術資格2級 (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) က ဘယ်လော်ခက်သလဲ။ အချိန် ဘယ်လောက်လောက်ယူပြီး ပြင်ဆင်ရမလဲ။

🇲🇲 သန္တာဦး။

CAD 利用者技術資格2級 (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) စာမေးပွဲအောင်ရန် အချိန်ကာလက AutoCAD သင်ထားသူဆိုရင် ပုံဆွဲတက် ပုံကြည့်တက်တယ်ဆိုရင် တစ်ပါတ် ၄ နာရီခန့် အချိန် ၂ လလေ့လာပြီး 復習တစ်လနဲ့ ပုံမှန်စာလုပ်ရင် အောင်နိုင်ပါတယ်။

CAD 利用者技術資格2級 (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) စာမေးပွဲအတွက်ပြင်ဆင်ချင်တယ်ဆိုရင်တော့ ACSPက တိုက်တွန်းအားပေးထားတဲ့စာအုပ်တွေ လေ့လာပြီး အတွေ့အကြုံနဲ့ပေါင်းစပ်ဖြေမလား။ ဒါမှမဟုတ် သင်တန်းတက်ပြီး ဖြေချင်လားဆိုပြီး နှစ်နည်းရှိပါတယ်။

သင်တန်းတက်ချင်ရင်တော့ CAD 利用者技術資格2級 (ဒုတိယတန်း CAD အသုံးပြုအင်ဂျင်နီယာ) အတွက်သင်တန်းဖွင့်ထားလို့ စိတ်ဝင်စားရင် လာရောက်တက်လို့ရပါတယ်။

မသန္တာဦးရဲ့ CAD Training Program in Japan Page

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です