လစာတိုးဖို့အတွက် ဂျပန်အင်ဂျင်နီယာတောင်အောင်ဖို့ခက်တဲ့ Certificate တစ်ခုရအောင်ကြိုးစားခဲ့တဲ့ ကိုကျော်သက်နဲ့ အင်တာဗျူး

ဂျပန်နိုင်ငံကို ဆောက်လုပ်ရေးအင်ဂျင်နီယာနဲ့ အလုပ်လာလုပ်တဲ့အင်ဂျင်နီယာ အခု တဖြည်းဖြည််းနဲ့ များလာနေပါတယ်။

ဒါပေမယ့် ဂျပန်ကို အလုပ်နဲ့ လာလုပ်တိုင်း အဆင်ပြေတယ် အေးအေးဆေးဆေးငွေရှာလို့ရတာမဟုတ်ဘူး။ အဆင်ပြေနေသူ အောင်မြင်နေသူက မမြင်ရတဲ့ နေရာမှာ အောင်မြင်မှုရဖို့ ကြိုးစားခဲ့လို့ အောင်မြင်မှုကို ရနေတာပဲ

အင်ဂျင်နီယာအလုပ်ရတယ် ပိုက်ဆံ ဒေါလာ ၂၀၀၀ပေးပါ ၃၀၀၀ပေးပါဆိုပြီး ပိုက်ဆံပေးလိုက်ရပေမယ့် ဂျပန်ကိုရောက်တဲ့အခါ အင်ဂျင်နီယာအလုပ်မဟုတ်ပဲ အလုပ်သမားလို့ လုပ်နေသူအတွက် ကြိုးစားမယ်ဆိုရင် အောင်မြင်သွားနိုင်တဲ့ နည်းလမ်းတွေကို လမ်းညွှန်းနိုင်အောင် ဂျပန်ကြီး ကြိုးစားပြီး နည်းလမ်းရှာပေးနေပါတယ်

အခု ဂျပန်ကြီး အင်တာဗျုးတဲ့ ကိုကျော်သက်က အောင်သွားတဲ့ ပထမတန်းဆောက်လုပ်ရေးလုပ်ငန်းစီမံခန့်ခွဲမှုလက်ထောက်အင်ဂျင်နီယာက စာမေးပွဲဖြေခွင့်အကန့်အသတ်ရှိပေမယ့် ဂျပန်ကို ရောက်ရောက်ချင်း အသက် ၁၇ ကျော်ရှိရင် မည်သူမဆိုဖြေဆိုနိုင်တဲ့ ဒုတိယတန်းဆောက်လုပ်ရေးလုပ်ငန်းစီမံခန့်ခွဲမှုအင်ဂျင်နီယာလက်မှတ်လည်းရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဂျပန်ကြီး ဝက်ဘ်ဆိုက်မှာ မိတ်ဆက်ပေးထားပါတယ်။ ဂျပန်ကို လာပြီး ဒုက္ခရောက်နေသူ၊ ဂျပန်ကို စိတ်ချလက်ချ လာအလုပ်လာလုပ်ချင်သူ ဝက်ဘ်ဆိုက်ကို သွားပြီး ဒီလက်မှတ်အကြောင်းကိုလေ့လာနိုင်ပါတယ်။

အခု အင်တာဗျုးကို အဆုံးအထိနားထောင်မယ်ဆိုရင် ဂျပန်မှာ ဘယ်လိုလုပ်ရင် အောင်မြင်မလဲ သဘောပေါက်သွားပါလိမ့်မယ်

ဂျပန်ရောက်အင်ဂျင်နီယာများ ဂျပန်မှာအောင်မြင်ပါစေ

ကိုကျော်သက်လို လစာကောင်လိုချင်ရင် ပထမခြေလှမ်းအနေနဲ့ ဒီစာမေးပွဲကို ဖြေဖို့ ဂျပန်ကြီးအကြံပြုချင်ပါတယ်

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です