မြို့ကိုရွေးမလား ငွေကိုရွေးမလား

မြို့ကိုရွေးမလား❓

ငွေကိုရွေးမလား❓

📣မြို့မှာနေပြီး အလုပ်လုပ်ခြင်းနဲ့ နယ်မှာနေပြီး အလုပ်လုပ်ခြင်း 🥰 အများစုက မြို့မှာနေပြီး အလုပ်လုပ်ချင်ကြတယ်

ဒါပေမယ် မြို့မှာနေပြီး ဝင်ငွေလက်ကျန်နည်းတဲ့အလုပ်နဲ့ နယ်မှာနေပြီး ဝင်ငွေလက်ကျန် အသင့်အတင့်ကျန်နဲ့အလုပ် ဒီနှစ်ခုပဲ ရွေးစရာရှိတယ်ဆိုရင် ဘယ်အလုပ်ကို ရွေးမလဲ။

ဒါလေးတွေ မေးစရာလား။ မြို့မှာနေပြီး ဝင်ငွေများတဲ့အလုပ်ပဲရွေးမှာပါ။

မှန်ပါတယ်။ ဒါပေမယ့် ရွေးစရာနှစ်ခုပဲရှိတယ်။ မြို့မှာနေပြီး ဝင်ငွေကောင်းတဲ့အလုပ်ဆိုတဲ့ ရွေးစရာမရှိသလို ရှိရင်လည်း ကိုယ်ထက် ဂျပန်စကားပိုကျွမ်းကျင်သူ ကိုယ်ထက် အင်တာဗျူးမှာ ကောင်းကောင်းဖြေဆိုနိုင်သူတွေပဲ အရွေးခံရမှာမို့ ရွေးစရာရှိတာနဲ့ အလုပ်ရတာနဲ့က တစ်ထပ်တည်းမကျနိုင်ဘူး။

လက်တွေ့အခြေအနေနဲ့ စဉ်းစားလို့ရအောင် ဂျပန်ကြီးဆီမှာရှိတဲ့ とくていぎのう かいご အလုပ်တွေထဲက ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ တိုကျိုမြို့က အလုပ်ခေါ်စာနဲ့ တိုကျိုမြို့ရဲ့ ရပ်ကွက် တစ်ကွက်စာတောင် လူမနေတဲ့ နယ်မြို့က အလုပ်ခေါ်စာကို ယှဉ်ပြီး ပြကြည့်မယ်။

1️⃣ပထမ တစ်ခုက တိုကျိုမြို့က အလုပ်ခေါ်စာ

အလုပ်အမျိုးအစား ပြုစုစောင့်ရှောက်ရေးအလုပ်

(認知症対応型共同生活介護グループホーム)

💴လစာ တစ်နာရီ တိုကျိုမှာ ယန်း ၁၀၇၂ ယိုကိုဟာမာမှာ ယန်း ၁၀၇၁

💴ညဆိုင်းထောက်ပံ့ကြေး ယန်း ၆၀၀၀ / ကြိမ်

💴 ဆုကြေး မရှိ 😂

အလုပ်ချိန်

🕖 7:00 – 16:30 (နားချိန် ၁ နာရီ)

🕖 9:30 – 18:30 (နားချိန် ၁ နာရီ)

🕖 17:00 – 10:00 +1 (နားချိန် ၂ နာရီ)

အဆောင်

🏘 အဆောင်စီစဉ်ပေးခြင်းမရှိပါ 😂

🚛 ဂျပန်ပြည်တွင်းမှာ ပြောင်းလာမယ့်ခရီးစရိတ် အများဆုံး ၃ သောင်းအထိ ထောက်ပံ့မယ်

ဒီအလုပ်မှာ တစ်လ တစ်လ ဘယ်လောက်ရမလဲကို ထွက်ချက်မယ်ဆိုရင်

(ဒီအလုပ်မှာ အဆောင်ကို မစီစဉ်ပေးတာမို့ အဆောင်ကို ပုံမှန်ဈေးဖြစ်တဲ့ ယန်း ၃၅၀၀၀ပေးပြီး နောက်တစ်ယောက်တဲ့ ၂ ယောက်တစ်ခန်း နေမယ်ဆိုရင်)

တစ်လမှာ ၃၁ရက်ရှိပြီး နေဆိုင်း ၁၄ ကြိမ် ညဆိုင်း ၄ ကြိမ် အလုပ်ဆင်းမယ်ဆိုရင်

လစာ ယန်း ၂၀၈,၂၁၂ ဖြစ်ပြီး

လက်ကျန် ယန်း ၁၇၂,၈၁၆ ကျန်မယ်

(အဆောင်ခ နုတ်ရင် ယန်း ၁၃၇,၈၁၆)

တစ်လမှာ ၃၀ရက်ရှိပြီး နေဆိုင်း ၁၁ ကြိမ် ညဆိုင်း ၅ ကြိမ် အလုပ်ဆင်းမယ်ဆိုရင်

လစာ ယန်း ၂၀၄,၅၇၃ ဖြစ်ပြီး

လက်ကျန် ယန်း ၁၆၉,၇၉၆ ကျန်မယ်

(အဆောင်ခ နုတ်ရင် ယန်း ၁၃၄,၇၉၆)

တစ်လမှာ ၃၁ရက်ရှိပြီး နေဆိုင်း ၂၂ရက် အလုပ်ဆင်းမယ်ဆိုရင်

လစာ ယန်း ၁၈၈,၄၉၆ ဖြစ်ပြီး

လက်ကျန် ယန်း ၁၅၆,၄၅၂ ကျန်မယ်

(အဆောင်ခ နုတ်ရင် ယန်း ၁၂၁,၄၅၂)

တစ်လမှာ ၃၀ရက်ရှိပြီး နေဆိုင်း ၂၁ရက် အလုပ်ဆင်းမယ်ဆိုရင်

လစာ ယန်း ၁၇၉,၉၂၈ ဖြစ်ပြီး

လက်ကျန် ယန်း ၁၄၉,၃၄၀ ကျန်မယ်

(အဆောင်ခ နုတ်ရင် ယန်း ၁၀၂,၈၁၆)

2️⃣ ဒုတိယတစ်ခုက နယ်မြို့က အလုပ်ခေါ်စာဖြစ်ပါတယ်

အလုပ်အမျိုးအစား

ပြုစုစောင့်ရှောက်ရေးအလုပ် 介護老人保健施設

အလုပ်နေရာ

Shimane ခရိုင် Tottori မြို့ (ခရိုင်မြို့)

💴အခြေခံလစာ ယန်း ၁၇၀,၅၂၀

💴ထောက်ပံ့ကြေး ယန် ၁၇၀၀၀

💴 ညဆိုင်းထောက်ပံ့ကြေး ယန်း ၈၅၀၀/ကြိမ်

💴 မနက်ဆိုင်းထောက်ပံ့ကြေး ယန်း ၈၀၀ /ကြိမ်

💴 နေ့ဆိုင်း ထောက်ပံ့ကြေး ယန်း ၄၀၀ /ကြိမ်

💴 ဆုကြေး အလုပ်ခေါ်စာမှာ မပါဘူး ဒါပေမယ် ……

အလုပ်ချိန်

🕖 7:00 – 16:00

🕖 13:00 – 22:00

🕖 22:00 – 07:00 +1

အဆောင်

🏘 အဆောင်အဖြစ် သီးသန့်ခန်း စီစဉ်ပေးပါတယ်

🏘 အဆောင်ခ ယန်း ၂၀၀၀၀

တစ်လမှာ ညဆိုင်း ၅ကြိမ် မနက်ဆိုင်း နှင့် နေ့ဆိုင်း ၅ ကြိမ်စီ အလုပ်ဆင်းမယ်ဆိုရင်

အခြေခံလစား တစ်လမှာ ယန်း ၂၃၆,၀၂၀ ဖြစ်ပြီး

လက်ကျန် (အဆောင်ခနုတ်ပြီး) လက်ကျန်ငွေ ယန်း ၁၇၄,၃၅၀ ကျန်ပါမယ်

အလုပ်ခေါ်စာနှစ်ခုကို ယှဉ်ကြည့်တဲ့အခါ တိုကျိုမြို့ကအလုပ်က ဝင်ငွေပိုနည်းတာကို တွေ့ပါတယ် နယ်မှာနေတာက ပို ပိုက်ဆံရမယ်သဘောရှိပါတယ်

ဆရာ ဂျပန်ကြီး တိုကျိုမြို့မှာလည်း ပိုက်ဆံပိုရတဲ့အလုပ်လည်းရှိပါတယ် နယ်မှာလည်း ပိုက်ဆံသိပ်မပေးတဲ့အလုပ်လည်း အများကြီးပါ

မှန်ပါတယ် ပိုက်ဆံပိုရမယ့်အလုပ်က လူပိုကြိုက်လို့ ပြိင်ဘက်များပြီး အလုပ်ရချင်မှာရမယ် ဒါကြောင့်မို့လို့ ပထမ မေးခွန်းကို မေးတာပါ

မြို့ကိုရွေးမလား ❓

ငွေကိုရွေးမလား ❓

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です