အခမဲ့ ဂျပန်စာကို လေ့လာသင်ယူနိုင်တဲ့ ဝက်ဘ်ဆိုက်များ

ဂျပန်စာကို စပြီးလေ့လာသူများအတွက် အွန်လိုင်းမှာ ဂျပန်စာကို အခမဲ့ လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက် အမြောက်အများရှိပါတယ်။

日本的な背景に日本語とひらがなで書かれているイラスト
Chinese cloud decorations with blue watercolor texture in vintage style. Abstract art landscape with red sun with hand drawn wave elements

アニメ・マンガの日本語

ဂျပန် Animation၊ ကာတွန်ကို သဘောကျတဲ့ လူငယ်တွေအတွက် アニメနဲ့ マンガမှာ Characterတွေက သုံးနေကြတဲ့ ဂျပန်စာကို လေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ マンガကို ဖတ်ရင်းနဲ့ ဂျပန်စာကို လေ့လာနိုင်အောင် စီစဉ်သင်ကြာပေးနေပါတယ်။

アニメနဲ့ マンガမှာ သုံးတဲ့ ဂျပန်စာကို အဓိကထားပြီး သင်ပေးနေတာမို့ ဂျပန်စာအခြေခံမရသေးသူက ဒီဝက်ဘ်ဆိုက်တစ်ခုတည်းနဲ့ ဂျပန်စာကို သင်ဖို့ နည်းနည်းအခက်အခဲရှိပါလိမ့်မယ်။

ဒီဝက်ဘ်ဆိုက်ကို ဂျပန်ဖောင်ဒေးရှင်က စီစဉ်ဖွင့်လှစ်ထားပါတယ်။ ဂျပန်ဖောင်ဒေးရှင်မှာ ဂျပန်စာကို အွန်လိုင်းကနေ အခမဲ့ သင်ယူလေ့လာနိုင်တဲ့ အခြားဆိုက်များရှိပါတယ်။

အောက်ဆုံးမှာရှိတဲ့ eみなとဆိုတဲ့ ဝက်ဘ်ဆိုက်မှာ ဂျပန်စာကို အခြေခံကနေ အဆင်း ၆ ဆင်းခွဲပြီး သင်ကြာပေးနေပါတယ်။ ပထမ Register လုပ်ပြီး သုံးရပါတယ်။ အွန်လိုင်းအပြင် စာရင်းသွင်းမယ်ဆိုရင် ဂျပန်ဆရာရဲ့ သင်တန်းကို တက်ရောက်သင်ယူနိုင်ပါတယ်။

やさしい日本語

ဂျပန်နိုင်ငံ NHK သတင်းဌာနရဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဗီဒီယိုကို ကြည့်ပြီး ဂျပန်နေစဉ်သုံးစကားတွေကို လေ့လာသင်ယူနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဆိုက်တစ်ခုလုံးကို မြန်မာလို ရှင်းပြ စာတမ်းတိုးပေးထားလို့ ဂျပန်စာကို လုံးဝ နားမလည်သူလည်း ဂျပန်စာကို သင်ယူလေ့လာနိုင်ပါတယ်။ ဒါပေမယ့်သဒ္ဒါကို သင်ပေးတဲ့ အခန်းမတွေ့လို့ စကားပြောကို အဓိက လေ့လာချင်သူအတွက် သင်တော်တဲ့ ဆိုက်ဖြစ်ပါတယ်။

NHK သတင်းဌာနမှာ ဂျပန်လုပ်ငန်းခွင်တွင် အသုံးများတဲ့ ဂျပန်စာကို သင်ယူလေ့လာချင်သူတွေအတွက် လုပ်ငန်းသုံးဂျပန်စာကို သင်ပေးနေတဲ ဝက်ဘ်ဆိုက်လည်းရှိပါတယ်။

TSUNAHIRO

ဂျပန်ယဥ်ကျေးမှုအေဂျင်စီက ဖွင့်လှစ်ထားတဲ့ အခမဲ့ ဂျပန်စာကို သင်ယူလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဈေးဝယ်ထွက်တဲ့အခါ စားသောက်ဆိုင်မှာ ဝယ်စားတဲ့အခါ အစရှိတဲ့ အခြေအနေမျိုးမှာ အသုံးများတဲ့ ဂျပန်စကားကို ဗီဒီယိုကိုကြည့်ရင်းနဲ့ သင်ယူလေ့လာနိုင်ပါတယ်။ ဒီဆိုက်လည်း သဒ္ဒါကို အဓိကထားပြီး သင်ပေးတာမဟုတ်တယ်အတွက် ဂျပန်စာအခြေခံရှိသူအတွက် သင်တော်တဲ့ ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။

  • TSUNAHIRO (ယဥ်ကျေးမှုအေဂျင်စီ)

အခြား အခမဲ့ ဂျပန်စာကို အခမဲ့ သင်ယူလေ့လာနိုင်တဲ့ ဝက်ဘ်ဆိုက်များ

ဂျပန်စာကို လေ့လာသင်ယူသူတွေ အတွက် အထူးသင်တော်တဲ့ တစ်ခြား ဝက်ဘ်ဆိုက်တွေရှိရင် ဂျပန်ကြီးကို ပြောပြပေးပါ။ ဂျပန်စာလေ့လာနေသူတွေအတွက် ဒီစာမျက်နှာမှာ မိတ်ဆက်ပေးလို့ရအောင်ပါ။