ဂျပန်ကိုဗစ်ကာကွယ်ဆေးထိုးမှတ်တမ်းထုတ်ယူနည်း

ဂျပန်ကနေ နိုင်ငံခြားသွားဖို့ မြန်မာပြည်ပြန်ဖို့ ကိုဗစ်ကာကွယ်ဆေးထိုးပြီးထားအကြောင်း သက်သေခံလက်မှတ်လိုတယ်။ ဘယ်လိုလုပ်ရမလဲ။ ဂျပန်ကြိး ဘာသာပြန်ပေးသလားလို့ မေးလာသူ တစ်ချို့ရှိလို့ အက်ပ်သုံးပြီး အလွယ်တကူ ကာကွယ်ဆေးထိုးမှတ်တမ်းထုတ်ယူနည်းကို မိတ်ဆက်ပေးပါမယ်။

ကာကယ်ဆေးထိုးမှတ်တမ်း အက်ပ်

၂၀၂၁ ခုနှစ် ဒီစင်ဘာလ ကနေ စပြီး ဂျပန်နိုင်ငံမှာလည်း အက်ပ်ကို သုံးပြီး အွန်လိုင်ကနေ ကာကယ်ဆေးထိုးမှတ်တမ်းကို ထုတ်ယူလို့ ရနေပါပြီး။

အက်ပ်ကို အောက်ပါ QR ကုတ်ကနေ Download လုပ်နိုင်ပါတယ်။

My Number ကတ်နဲ့ ပတ်စပို့ လိုအပ်တယ်

ဖုန်းမှာ အက်ပ်ကို Install လုပ်ပြီးရင် ကာကွယ်ဆေးထိုးမှတ်တမ်းလုပ်ဖို့

  • My Number ကတ် နဲ့
  • ပတ်စပို့

လိုအပ်ပါတယ်။

တကယ်လို့ My Number ကတ်မရှိဘူးဆိုရင် မြို့နယ်ရုံးကို သွားပြီး စာရွက်နဲ့ ထုတ်ရမှာမို့လို့ ရက်ကြာကြာစောင့်ရမယ်။ မြို့နယ်ရုံးကို ပတ်စပို့နဲ့ အတူ ကာကွယ်ဆေးထိုးတဲ့အခါ သုံးတဲ့ လက်မှတ်ကို ယူသွားပြီး ဖောင်ဖြည့်ပြီး လျှောက်လွှာတင်ရမယ်။

၅ မိနစ်နဲ့ ကာကွယ်ဆေးထိုးမှတ်တမ်း ထုတ်နိုင်တယ်။

လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ထားမယ်ဆိုရင် ကာကွယ်ဆေးထိုးမှတ်တမ်းထုတ်တာ အရမ်လွယ်ကူပါတယ်။ ဖုန်မှာ ရှင်းပြပေးတဲ့အတိုင်း လုပ်ရုံပဲ။ ဂျပန်ကြီး အထူးတလည်းရှင်းပြစရာတောင်မလိုဘူး

ပထမ ကာကွယ်ဆေးထိုးမှတ်တမ်းသည် ဂျပန်ပြည်တွင်းအတွက်လား နိုင်ငံခြားခရီးသွားဖို့အတွက်လား ရွေးရပါတယ်။

ပြီးရင် My Number ရဲ့ PIN ကုတ်ကို ထည့်ရမယ်။

ပြီးရင် ဖုန်းနဲ့ My Number ကတ်ကို ဖတ်ခိုင်းတယ်။

Scan လုပ်နိုင်တယ်ဆိုရင် My Number ကတ်က အချက်အလက်တွေက ဖုန်းမှာ ဖော်လာလိမ့်မယ်။

ပြီးရင် ပတ်စပို့ကို ဓာတ်ပုံရိုက်ပြီး Scan ဖတ်ခိုင်တယ်။ မျက်နှာဓာတ်ပုံပါတဲ့ စာမျက်နှာကို လိမ္မော်ရောင်ဘောင်အတွင်ရောက်အောင်လုပ်ပြီး ၁၀ စက္ကန့်လောက် စောင့်မယ်။

ပတ်စပို့ Scan ဖတ်နိုင်တယ်ဆိုရင် ပတ်စပို့ထဲက အချက်အလက်တွေ Screen မှာ အလိုလို ဖော်လာမယ်။ ဂျပန်ကြီးက ဂျပန်နိုင်ငံသားဖြစ်တဲ့အတွက် ဂျပန်ပတ်စပို့နဲ့ပဲ စမ်းကြည့်ခဲ့တာဖြစ်ပေမယ့် မြန်မာပတ်စပို့နဲ့ ဆိုလည်း အဆင်ပြေအောင်လုပ်နိုင်မှာပါ။

ဒီအဆင့်အထိ ရောက်မယ်ဆိုရင် ကာကွယ်ဆေးမှတ်တမ်းထုတ်ဖို့ နီးလာပါပြီ။ မိမိကာကွယ်ဆေးထိုးခဲ့တဲ့ မြို့နယ်ကိုရွေးပြီး ထုတ်ယူမယ်ကို နှိပ်ရုံပါပဲ။

ဖုန်းမှာ ညွှန်တဲ့အတိုင်း လုပ်ရုံနဲ့ အခုလို့ ကိုဗစ်ကာကွယ်ဆေးမှတ်တမ်းထုတ်နိုင်ပါပြီး။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です