ဂျပန်နိုင်ငံမှာ လျှပ်စစ်အင်ဂျင်နီယာဖြစ်ဖို့ လိုအပ်တဲ့ အစိုးရအသိအမှတ်ပြုလက်မှတ်များ

資格(しかく)အကြောင်း

ဂျပန်နိုင်ငံတွင် ပညာရှင်အဖြစ် အလုပ်လုပ်မည်ဆိုလျှင် ဂျပန်အစိုးရက အသိအမှတ်ပြုထားသည့် ပညာရှင်လက်မှတ်ရှိရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ရထားသူဖြစ်လျှင်လည်း ဂျပန်အစိုးရ အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားခြင်းမရှိပါက အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးပါလိမ့်မည်။

လျှပ်စစ်လုပ်ငန်းတွင် အင်ဂျင်နီယာအဖြစ် အလုပ်ဝင်လုပ်ကိုင်လိုလျှင် အောက်ပါ ဂျပန်အစိုးရ အသိအမှတ်ပြုလက်မှတ် တစ်ခုခုကို ရယူထားရန်လိုအပ်ပါသည်။

電気の資格 လျှပ်စစ်နဲ့ ပတ်သက်တဲ့ အစိုးရအသိအမှတ်ပြုလက်မှတ်များစာရင်း

ဂျပန်နိုင်ငံတွင် လျှပ်စစ်ကဏ္ဍနှင့်ဆိုင်သည့် အစိုးရအသိအမှတ်ပြုလက်မှတ်များသည် အောက်ပါအတိုင်းဖြစ်ပါသည်။

  • 第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)
  • 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ)
  • 2級電気工事施工管理技士 (ဒုတိယတန်း လျှပ်စစ်လုပ်ငန်းကြီးကြိရေးမှူး)
  • 1級電気工事施工管理技士 (ပထမတန်း လျှပ်စစ်လုပ်ငန်းကြီးကြိရေးမှူး)
  • 電気主任技術者試験 第3種 (တတိယတန်း လျှပ်စစ်လုပ်ငန်းဦးဆောင်အင်ဂျင်နီယား)
  • 電気主任技術者試験 第2種 (ဒုတိယတန်း လျှပ်စစ်လုပ်ငန်းဦးဆောင်အင်ဂျင်နီယား)
  • 電気主任技術者試験 第3種 (ပထမတန်း လျှပ်စစ်လုပ်ငန်းဦးဆောင်အင်ဂျင်နီယား)
  • 技術士(電気電子部門)(လက်မှတ်ရ ပြည့်သူအင်ဂျင်နီယာ လျှပ်စစ်၊ အီလက်ထရောနစ်ကဏ္ဍ)

第二種電気工事士 ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ

ဂျပန်နိုင်ငံတွင် လျှပ်စစ်ကျွမ်းကျင်သူလက်မှတ်မရှိလျှင် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရရှိထားသော်လည်း လျှပ်စစ်လုပ်ငန်းခွင်တွင် လျှပ်စစ် ကိုင်တွယ်ခွင့်မရှိပါ။ ထို့ကြောင့် 二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်သည် ဂျပန်နိုင်ငံတွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ် အလုပ်လုပ်မည်ဆိုလျှင် အနည်းဆုံးရယူထားရန်လိုအပ်သည့် ပညာရှင်လက်မှတ်ဖြစ်ပါသည်။

第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်ရှိလျှင် 600V အောက် အိမ်သုံးလျှပ်စစ်ပစ္စည်း(Facility)ကို ကိုယ်တွယ်အလုပ်လုပ်နိုင်ပါသည်။ လုပ်ငန်းသုံးလျှပ်စစ်ကို ကိုယ်တွယ်နိုင်ရန် အောက်တွင်ရှင်းပြမည့် 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်ရှိရန်လိုအပ်သည်။

第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်ရရန် တစ်နှစ်တွင် ၂ ကြိမ်ကျင်းပသည့် စာမေးပွဲကို ဝင်ဖြေပြီး အောင်ရန်လိုအပ်ပါသည်။ စာမေးပွဲကို 電気技術者試験センターမှ ကျင်းပြနေပါသည်။ စာမေးပွဲကြေးသည် ယန်း ၉၃၀၀ဖြစ်ပါသည်။

ဂျပန်နိုင်ငံတွင်ရှိ ပညာရှင်လက်မှတ်စာမေးပွဲအများစုသည် စာမေးပွဲဖြေဆိုခွင့်ကို ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံကို သတ်မှတ်ပြီး ကန့်သတ်ထားသော်လည်း 第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်စာမေးပွဲအတွက် ဖြေဆိုခွင့်ကို ကန့်သတ်ထားခြင်းမရှိပါ။ ထို့ကြောင့် နိုင်ငံခြားသားအပါအဝင် မည်သူမဆို စာမေးပွဲကို ဖြေဆိုနိုင်ပါသည်။

第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)သည် လျှပ်စစ်လုပ်ငန်းခွင်တွင် ကိုယ်တိုင် အလုပ်ကိုင်တွယ်လုပ်ကိုင်သူဖြစ်သောကြောင့် စာမေးပွဲတွင် စာတွေ့အပြင် လက်တွေ့ ကျွမ်းကျင်မှုကို စစ်ဆေးပါသည်။

စာမေးပွဲအောင်လျှင် ခရိုင်အစိုးရကို အောင်လက်မှတ်နှင့်အတူ လျှောက်ထားလျှင် 第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်ရ၍ ချက်ချင်း လုပ်ငန်းခွင်တွင် အလုပ်ဝင်လုပ်နိုင်ပါသည်။

ဤစာမေးပွဲအတွင် သင်တန်းဖွင့်လှစ်နေသည့် ဂျပန်ရောက်မြန်မာအင်ဂျင်နီယာလည်းရှိပါသည်။ ကိုအောင်သူမင်းသည် မြန်မာများကို သင်တန်းဖွင့် သင်ကြားပေးနေပါသည်။

ကိုအောင်သူမင်းက သင်တန်းတွင် အသုံးပြုနေသည့် သင်ခန်းစာစာအုပ်သည် အောက်ပါ စာအုပ်ဖြစ်ပါသည်။ စာမေးပွဲအောင်ရန် သိသင့်သိတိုက်သည့်အချက်အလက်များကို သဘောပေါက်လွယ်အောင်ရှင်းပြထားသောကြောင့် Self-Studyလုပ်ပြီး စာမေးပွဲအတွက်ပြင်ဆင်နိုင်ပါသည်။

ဂျပန်ကြီးသင်နေတဲ့ သင်ခန်းစာ စာအုပ်

တစ်ခြားသင်ခန်းစာစာအလုပ်များလည်း အောက်ပါလင့်ကနေ လေ့လာနိုင်ပါသည်။

第2種電気工事士技能試験テキスト

စာမေးပွဲတွင် လက်တွေ့ပညာကိုလည်း စစ်ဆေးမှာဖြစ်သည့်အတွက် စာမေးပွဲမပြေခင် အောက်ပါ Kit များကို ဝယ်ယူပြီး ပြင်ဆင်မယ်ဆိုလျှင် ပိုမိုအောင်နိုင်ခြေများနိုင်ပါလိမ့်မည်။

第一種電気工事士 ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ

第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)သည် အိမ်သုံးလျှပ်စစ်ပစ္စည်းများသာ ကိုင်တွယ်နိုင်၍ လုပ်ငန်းသုံး 3 Phase လျှပ်စစ်ပစ္စည်းကို ကိုယ်တွယ်မည်ဆိုလျှင် 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ) လက်မှတ်ရရှိထားရန်လိုအပ်ပါသည်။

第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ) သည် အိမ်သုံးလျှပ်စစ်ပစ္စည်းအပြင် ပုံမှန်လုပ်ငန်းသုံးလျှပ်စစ်ပစ္စည်းကိုလည်း ကိုင်တွယ်နိုင်သောကြောင့် အလုပ်အကိုင်အခွင့်အလမ်းပိုမို ကောင်းမွန်သွားနိုင်ပါသည်။

第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်ရရန် ပထမ 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ)လက်မှတ်စာမေးပွဲကို ဝင်ဖြေပြီး အောင်လက်မှတ်ရယူရပါမည်။ စာမေးပွဲကို တစ်နှစ်တွင် ၂ ကြိမ်ကျင်းပနေပြီး စာမေးပွဲဖြေဆိုခွင့်အတွက် ကန့်သတ်ချက်မရှိခြင်းသည် 第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)စာမေးပွဲနှင့် အတူတူဖြစ်ပါသည်။

第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)နှင့် မတူသည့်အချက်သည် 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ) ဖြစ်ရန် လုပ်ငန်းအတွေ့အကြုံ ၃ နှစ်ရရန်လိုအပ်သည့်အချက်ဖြစ်ပါသည်။ စာမေးပွဲအောင်လျှင်လည်း ချက်ချင်း 第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ) အဖြစ် အလုပ်လုပ်ကိုင်ရန်မရနိုင်ပါ။ အောင်လက်မှတ်မရခင်က လုပ်ငန်းအတွေ့အကြုံလည်း ဤ ၃နှစ်တွင် ထည့်သွင်းစဉ်းစားပေးနေပါသည်။

第一種電気工事士 (ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူ)သည် 第二種電気工事士 (ဒုတိယတန်း လျှပ်စစ်ကျွမ်းကျင်သူ)ကဲ့သို့ လုပ်ငန်းခွင်တွင် လျှပ်စစ်ကို ကိုင်တွယ်ရမည့်သူဖြစ်သောကြောင့် စာမေးပွဲတွင်လည်း စာတွေ့အပြင် လက်တွေ့ပညာကိုလည်း စစ်ဆေးပါသည်။

ဤစာမေးပွဲအတွက် သင်တန်းဖွင့်ပြီး သင်ကြားပေးနေသည့် ဂျပန်ရောက်မြန်မာအင်ဂျင်နီယာကို ဂျပန်ကြီး မသိပါ။ ထို့ကြောင့် အောက်ပါစာအုပ်ကို ဝယ်ယူပြီး Self-Studyလုပ်မည်ဆိုလျှင် အဆင်ပြေပါလိမ့်မည်။

အွန်လိုင်းဆိုက်မှာ 第1種電気工事士 စာမေးပွဲအတွက် တစ်ခြား သင်ခန်းစာစာအုပ်ရှာမယ်ဆိုရင် အောက်ပါလင့်ကနေ ရှာနိုင်ပါတယ်။

第1種電気工事士技能試験テキスト

2級電気工事施工管理技士 (ဒုတိယတန်း လျှပ်စစ်လုပ်ငန်းကြီးကြိရေးမှူး)

ဤလက်မှတ်အတွက် လိုအပ်သည့်အကြောင်းအရာကို လေ့လာနေဆဲဖြစ်သောကြောင့် နောင်တွင် ဆက်လက်ရှင်းပြသွားပါမည်။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です