基本情報技術者試験 (FE)အကြောင်း

IT Certificate ရဲ့ အခြေခံ FE လက်မှတ်

基本情報技術者試験 (FE)  Fundamental Information Technology Engineer Examination သည် ITဆိုင်ရာ ဗဟုသုတနဲ့ အခြေခံကျွမ်းကျင်မှုကို ဂျပန်အစိုးရက အသိအမှတ်ပြုပေးတဲ့ Cetrificate စာမေးပွဲ တစ်ခုဖြစ်ပါတယ်။ ဒီ Certificate က အသိအမှတ်ပြုပေးတဲ့ အဆင့်သည် အထက်အင်ဂျင်နီယာရဲ့ လမ်းညွှန်သင်ကြားမှုအောက်တွင် အိုင်တီဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်းရှိမရှိသာဖြစ်သောကြောင့် အခြေခံအဆင့် စာမေးပွဲဖြစ်ပါတယ်။

ဒီ ဂျပန် Certificate စနစ်ကို အခြေခံပြီး မြန်မာနိုင်ငံအပါအဝင် အာရှ ၇ နိုင်ငံများမှာ ITPEC အသင်းက အလားတူ စာမေးပွဲကို ကျင်းပနေသောကြောင့် မြန်မာများအတွက်လည်း အသိများတဲ့ IT ဆိုင်ရာ Certificate တစ်ခုလို့ထင်ပါတယ်။

နိုင်ငံပေါင်း ၇ နိုင်ငံမှာ စာမေးပွဲဖြေဆိုနိုင်ပြီး မြန်မာနိုင်ငံမှာ FE စာမေးပွဲကို အင်္ဂလိပ်လို ဖြေဆိုနိုင်ပေမယ့် ဂျပန်ရောက်မြန်မာများ ဂျပန်နိုင်ငံမှာ စာမေးပွဲကို ဖြေဆိုမယ်ဆိုရင် ဂျပန်စာနဲ့သာ ဖြေဆိုရမှာမို့လို့ သတိထားဖို့လိုပါတယ်။

ဒီပိုစ့်မှာ 基本情報技術者試験 (FE) စာမေးပွဲအကြောင်းကို ဂျပန်အိုင်တီကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ရည်မှန်းထားသူကို အဓိကထားပြီး ရှင်းပြသွားပါမယ်။

ဂျပန်နိုင်ငံရဲ့ IT Certificate စနစ်

基本情報技術者試験 (FE) စာမေးပွဲသည် ဂျပန်နိုင်ငံရဲ့ IT Certificate ရဲ့ အခြေခံဖြစ်ပါတယ်။ တစ်ခြား IT ဆိုင်ရာစာမေးပွဲအနေနဲ့ ITパスポート (IP) စာမေးပွဲက ဂျပန်နိုင်ငံမှာ နာမည်ကြီးပေမယ့် ဒီ လက်မှတ်သည် IT ဆိုင်ရာ အခြေခံ ဗဟုသုတကို စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပြီး IT ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ အတွက် ဒီစာမေးပွဲမှာ စစ်ဆေးတဲ့ ဗဟုသုတနဲ့ဆို မလုံးလောက်ပါဘူး။

FE စာမေးပွဲအထက်မှာ 応用情報技術者試験(AP)စာမေးပွဲရှိပါသည်။ AP စာမေးပွဲက အဆင့်မြင့်ဆုံးစာမေးပွဲမဟုတ်ပါ။ AP စာမေးပွဲသည် အထက်အင်ဂျင်နီယာရဲ့ ညွှန်ကြာမှုအတိုင် အိုင်တီလုပ်ငန်းကို ကိုယ့်ကိုယ်တိုင် ဆောင်ရွက်နိုင်စွမ်းရှိမရှိကို စစ်ဆေးသည် စာမေးပွဲဖြစ်ပြီး ဂျပန်နိုင်ငံမှာ အိုင်တီအင်ဂျင်နီယာအဖြစ်အလုပ်လုပ်မယ်ဆိုရင် AP လက်မှတ်ရှိမှသာ အိုင်တီအလုပ်ကို တစ်ယောက်တည်း လုပ်နိုင်တဲ့ အင်ဂျင်နီယာဟု သက်သေပြနိုင်ပါတယ်။

AP စာမေးပွဲအထက်မှာ သူလိုင်းနဲ့သူ ကျွမ်းကျင်မှုကို စစ်ဆေးတဲ့ Information Technology Strategist Examination (ST)၊ Information Technology Strategist Examination (SA)၊ Project Manager Examination(PM)၊ Network Specialist Examination(NW)၊ Database Specialist Examination(DB)၊ Embedded Systems Specialist Examination(ES)၊ Information Technology Service Manager Examination(SM)၊ Systems Auditor Examination(AU)၊ Information Security Specialist Examination(SC) စာမေးပွဲများရှိပါတယ်။

ဂျပန်နိုင်ငံရဲ့ IT Certificate စနစ်အရ FE လက်မှတ်သည် အလုပ်သင်အိုင်တီအင်ဂျင်နီယာအဆင့်သာဖြစ်ပြီး ဒါထက်ပို အဆင့်မြင့်တဲ့ စာမေးပွဲကိုလည်း ကြိုးစားဖြေဆိုအောင်မြင်မယ်ဆိုရင် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုအဆင်ပြေသွားပါလိမ့်မယ်။

ဂျပန် IT ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ FE လိုအပ်သလား။

ဂျပန် IT ကုမ္ပဏီမှာ အိုင်တီအင်ဂျင်နီယာအနေနဲ့ အလုပ်လုပ်ဖို့ ဒီ FE လက်မှတ် လိုကို လိုအပ်တာမဟုတ်ပါဘူး။ ဒီလက်မှတ်မရှိလည်း ဂျပန်နိုင်ငံမှာ IT အလုပ်လုပ်နေသူ အများကြီးရှိပါတယ်။

ဒါပေမယ့် နိုင်ငံခြားသားအနေနဲ့ ဂျပန်နိုင်ငံမှာ အိုင်တီအလုပ်လုပ်မယ်ဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံမှာ ကွန်ပျူတာတက္ကသိုလ်မှာဘွဲ့ရတာမဟုတ်ဘူး ဂျပန်နိုင်ငံမှာ အိုင်တီပညာကို ကျောင်းမှာ လေ့လာသူမဟုတ်ဘူးဆိုရင် ယူသင့်ယူထိုက်တဲ့ လက်မှတ်တစ်ခုလို့ ပြောနိုင်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ ကွန်ပျူတာဘွဲ့မရခဲ့သူများအတွက် ဒီလက်မှတ်က အရမ်းအသုံးဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်လဝကသည် ဒီလက်မှတ်ရှိသူကို ကွန်ပျူတာပံဘွဲ့ရှိသူဟုမှတ်ယူပြီး တက္ကသိုလ်မှာဘွဲ့မရခဲ့သူဖြစ်ရင်လည်း ဒီလက်မှတ်ရှိရင် (အိုင်တီကုမ္ပဏီက အလုပ်ခန့်မယ်ဆိုရင်) အလုပ်ဗီဇာကို တရားဝင်ထုတ်ပေးနိုင်သောကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် အကြောင်းအမျိုးမျိုးကြောင့် အိုင်တီမဟုတ်ပဲ တစ်ခြားအလုပ်လုပ်နေသူဖြစ်ပြီး တစ်ချိန်ချိန်မှာ လိုင်းပြောင်းပြီး ဂျပန်နိုင်ငံမှာ အိုင်တီအလုပ်ဝင်ဖို့ စိတ်ကူးနေသူများအတွက် ဒီစာမေးပွဲအောင်လက်မှတ်ရှိရင် မိမိရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ပါတယ်။

စာမေးပွဲဘယ်လောက်ခက်သလဲ။

FE စာမေးပွဲသည် အိုင်တီရဲ့ အခြေခံစာမေးပွဲဖြစ်ပေမယ့် ဒီစာမေးပွဲကို အောင်ဖို့ ကြိုးစားပြီး စာလေ့လောဖို့ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဒီစာမေးပွဲရဲ့ အောင်နှုန်းက နှစ်တိုင် ၄၀ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ အိုင်တီလောကမှာ အလုပ်လုပ်ဖို့ ရည်ရွယ်နေတဲ့ ဂျပန်လူငယ်က ဂျပန်လို ဖြေဆိုပြီး ဒီလောက်အောင်ချက်ပဲရှိသောကြောင့် ခက်တဲ့ စာမေးပွဲလိုလည်း ပြောလို့ရနိုင်ပါတယ်။ (အင်္ဂလိပ်လို မေးတဲ့ မြန်မာပြည်က စာမေးပွဲရဲ့ အောင်ချက် ဘယ်လောက်ရှိသလဲကို ဂျပန်ကြီး ရှာမတွေ့ခဲ့ပါ။)

စာမေးပွဲမှာ မေးမြန်းမယ့် အကြောင်းအရာလည်း နယ်ပယ်မျိုးစုံက အကြောင်းအရာကို မေးမြန်းတာဖြစ်တယ်အတွက် အကြောင်းအရာမျိုးစုံကို စနစ်တကျ သင်ယူလေ့လာဖို့လိုအပ်ပါတယ်။ မေးမြန်းမယ့်အကြောင်းအရာကို အောက်ပါ လင့်ကနေ လေ့လာနိုင်ပါတယ်။

စာမေးပွဲတွင် စစ်ဆေးမေးမြန်းတဲ့ အကြောင်းအရာအပြည့်အစုံကို လေ့လာရန် (ဂျပန်ဘာသာဖြင့်သာ)

အိုင်တီနဲ့ ဆိုင်တဲ့ နယ်ပယ်မျိုးစုံရဲ့ ဗဟုသုတကို မေးမြန်းစစ်ဆေးတာမို့ Self Study နဲ့ စာမေးပွဲအောင်ဖို့ ခက်ပါလိမ့်မယ်။


တစ်နှစ်မှာ စာမေးပွဲ ၂ ကြိမ်ကျင်းပပါတယ်။

FE စာမေးပွဲကို တစ်နှစ်မှာ ၂ ကြိမ် ဧပြီလနဲ့ အောက်တိုဘာလမှာကျင်းပပါတယ်။ စာမေးပွဲဖြေဆိုမယ်ဆိုရင် ဧပြီလစာမေးပွဲအတွက် ဇန်နုဝါရီလမှာ အောက်တိုဘာလစာမေးပွဲအတွက် ဇူလိုင်လမှာ စာရင်းသွင်းဖို့ လိုအပ်ပါတယ်။

စာမေးပွဲအတွက် စာရင်းသွင်းမယ်ဆိုရင် အောက်ပါ လင့်ကနေ စာရင်းသွင်းနိုင်ပါတယ်။

စာမေးပွဲစာရင်းသွင်းရန်

FE စာမေးပွဲအတွက် စာအုပ်များနှင့် အွန်လိုင်းသင်တန်းများ

ဂျပန်နိုင်ငံမှာ FE စာမေးပွဲကို ဂျပန်ဘာသာစကားနဲ့ ဖြေရသောကြောင့် Self-Study လုပ်မယ်ဆိုရင် အောက်ပါ စာအလုပ်များကို ဝယ်ယူလေ့လာကြည့်ပါ။

အွန်လိုင်းသင်တန်းဖြစ်တဲ့ Udemy သင်တန်းများ

~始めから効率よく学ぶ~ 基本情報技術者試験 最速 合格講座  
【最初はこの講座から】ITパスポート+基本情報技術者を”理解しながら”学ぶ講座
最新版: 基本情報技術者試験+応用情報技術者試験+Python+SQL 初心者からプロのエンジニアになる講座

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です