特定技能飲食料品製造業技能評価試験研修စားသောက်ကုန်လုပ်ငန်းစာမေးပွဲသင်တန်း

စားသောက်ကုန်လုပ်ငန်းစာမေးပွဲသင်တန်း

ဂျပန်နိုင်ငံမှာ ကျွမ်းကျင်လုပ်သားအဖြစ် စားသောက်ကုန်စက်ရုံမှာ အလုပ်လုပ်မယ်ဆိုရင် ကျွမ်းကျင်လုပ်သား စားသောက်ကုန်လုပ်ငန်းစာမေးပွဲအောင်လက်မှတ်လိုအပ်ပါတယ်။ အထူးသဖြင့် လက်ရှိ ကျွမ်းကျင်လုပ်သားအနေနဲ့ တစ်ခြားလုပ်ငန်းမှာ အလုပ်လုပ်နေသူက စားသောက်ကုန်စက်ရုံမှာ အလုပ်ပြောင်းလုပ်မယ်ဆိုရင် လက်မှတ်က မရှိမဖြစ်လိုအပ်ပါတယ်။

ဒီသင်တန်းမှာ စားသောက်ကုန်လုပ်ငန်းစာမေးပွဲအောင်ဖို့ လိုအပ်တဲ့ ဗဟုသုတနှင့် အသိပညာများကို သင်ယူလေ့လာနိုင်ပါတယ်။ ဒါအပြင် စာမေးပွဲအောင်ဖို့ လေ့ကျင့်ခန်းမေးခွန်းနဲ့လည်း လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

သင်တန်းသင်ကြားနည်း

သင်တန်းသည် ဗီဒီယိုသင်တန်းဖြစ်ပါတယ်။ သင်တန်းကို စာရင်းသွင်းသူဆီကို ပို့မေးမယ့် သင်ခန်းစာစာအုပ်နဲ့ သင်တန်းဗီဒီယိုကို ကြည့်ရှုလေ့လာပြီး သင်ယူလေ့လာသွားရပါမယ်။ ဒါပေမယ့် စာမေးပွဲနီးလာရင် တစ်ပတ်မှာ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ် လေ့ကျင့်ခန်းမေးခွန်ကို အတူတူဖြေဆိုလေ့လာသွားပါမယ်။

ဗီဒီယိုသင်တန်းဖြစ်တဲ့အတွက် မိမိရဲ့အားလပ်ချိန်မှာ ဗီဒီယိုကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ဒါအပြင် သင်တန်းဗီဒီယိုကို အကြိမ်ကြိမ်ကြည့်ရှုမယ်ဆိုရင် စာမေးပွဲအတွက် သေချာပြင်ဆင်နိုင်ပါတယ်။

သင်ခန်းစာစာအုပ်

သင်တန်းကို စာရင်းသွင်းသူကို သင်ခန်းစာစာအုပ်ကို စာတိုက်ကနေ ပို့ပေးပါမယ်။

စာမေးပွဲကို ဂျပန်စာနဲ့ စစ်တာမို့ သင်ခန်းစာစာအုပ်သည် ဂျပန်စာဖြစ်နေပါတယ်။ သင်ခန်းစာစာအုပ်ရရင် ဂျပန်စာရဲ့ အဓိပ္ပါယ်ကို မသိဘူးဆိုရင် မြန်မာလို ကိုယ့်ကိုယ်တိုင်ရေးမှတ်ဖို့လိုအပ်ပါတယ်။

သင်တန်းကြေး

သင်တန်းကြေးသည် ယန်း ၈၀၀၀ဖြစ်ပါတယ်။ သင်တန်းကြေးမှာ စာအုပ်ဘိုးပါပါတယ်။

သင်ခန်းစာ

စားသောက်ကုန်သင်တန်း စာရင်းသွင်းသူများသည် အောက်ပါ လင့်ကနေ ဗီဒီယိုကိုလေ့လာနိုင်ပါတယ်။

၁-၁ စားသောက်ကုန်စာမေးပွဲအကြောင်း

၁-၂ စားသောက်ကုန်လုပ်ငန်းတွင် သန့်ရှင်းမှုစီမံခန့်ခွဲခြင်းသည် အရေးပါသည်။

၂-၁ အစာအဆိပ်သင့်ခြင်း ၁

၂-၂ အစာအဆိပ်သင့်ခြင်း ၂

၃-၁ အစားအဆိပ်သင့်ခြင်း ၃

၃-၂ တစ်ကိုယ်ရေသန့်ရှင်းမှုစီမံခန့်ခွဲခြင်း

၄-၁ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်တွင် ဂရုစိုက်ရမယ့်အချက်များ

၄-၂ 5S အကြောင်

၅-၁ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်း

၅-၂ ဓာတ်မတည့်ခြင်းရောဂါအကြောင်းနှင့် ကာကွယ်နည်း

၆-၁ HACCPအကြောင်း

၆-၂ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးအကြောင်း

လေ့ကျင့်ခန်းမေးခွန်း

စာမေးပွဲနီးလာတဲ့အခါ တစ်လခွဲအလိုလောက်ကနေ အွန်လိုင်းမှာ လေ့ကျင့်ခန်းမေးခွန်းများကို အတူတူဖြေဆိုလေ့လာသွားပါမယ်။

စာမေးပွဲမှာ သေချာမှတ်ထားဖို့လိုအပ်တဲ့အချက်ကို မေးခွန်းပုံစံနဲ့လေ့လာသွားတာမို့ ပိုပြီးမှတ်ရတာလွယ်ကူနိုင်ပါတယ်။

စာရင်းသွင်းသူကို လင့်ကိုပို့ပေးပါမယ်။

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です