ဂျပန်ရောက်မြန်မာများအတွက် ဂျပန်လျှပ်စစ် Certificate သင်တန်းဖွင့်နေတဲ့ ကိုအောင်သူမင်းနဲ့ အင်တာဗျူး
ဂျပန်မှာ လျှပ်စစ်အင်ဂျင်နီယာရဲ့အခြေခံ 第二種電気工事士 ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲဖြေမယ်ဆိုရင် ၉လပိုင်း ၈ရက်မတိုင်ခင် လျှောက်မယ်ဆိုရင်ရနိုင်ပါတယ်
အင်ဂျင်နီယာအလုပ်ဆိုပြီး ဂျပန်ရောက်ပေမယ့် အင်ဂျင်နီယာမဟုတ်လည်းလုပ်နိုင်တဲ့အလုပ်လုပ်နေသူများ ဒီစာမေးပွဲကို ဖြေကြည့်ပါ
မင်္ဂလာပါ ဒီနေ့ ဂျပန်အစိုးရလျှပ်စစ်အင်ဂျင်နီယာလက်မှတ် တစ်မျိုးဖြစ်တဲ့ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်အတွက် သင်တန်းဖွင့်နေတဲ့ ကိုအောင်သူမင်းကို ဒုတိယကြိမ် အင်တာဗျူးချင်ပါတယ်
ကိုအောင်သူအင်း မင်္ဂလာပါ
ကိုအောင်သူမင်း
မင်္ဂလာပါ ခင်ဗျား
ဂျပန်ကြီး
ကိုအောင်သူမင်းသင်ပေးနေတဲ့ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ဆိုတာ ဘယ်လိုလက်မှတ်မျိုးဖြစ်သလဲကိုရှင်းပြပေးပါ
ကိုအောင်သူမင်း
ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်က ဂျပန်အစိုးရအသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်တယ်။ ဆောက်လုပ်ရေး ဆိုက်မှာ ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်မရှိရင် လျှပ်စသ်နဲ့ပတ်သက်တဲ့ အလုပ်အတော်များများကို လုပ်လို့မရဘူး။ လက်မှတ်မရှိဘူးဆိုရင် မြေအောက် ပိုက်မြှုပ်တာကလွဲပြီး ဘာမှလုပ်လို့မရဘူး။ ဒီလက်မှတ်ရှိရင် ၁၀၀v ၂၀၀vလုပ်လို့ရတယ်။ ဒါပေမယ့် 3 phase က ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရှိမှသာ လုပ်လို့ရတယ်။
ဂျပန်ကြီး
ဒါဆိုရင် မြန်မာပြည်မှာ လျှပ်စစ်နဲ့ဘွဲ့ရသူလည်း ဒီလက်မှတ်မရှိဘူးဆိုရင် ဂျပန်ပြည်မှာ လျှပ်စစ်အလုပ်ကို လုပ်လို့မရဘူးပေါ့နော်
ကိုအောင်သူမင်း
မရပါဘူး
ဂျပန်ကြီး
ဒီလက်မှတ်ရရင် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘယ်လိုလမ်းဖွင့်လာမလဲ
ကိုအောင်သူမင်း
ပထမ ဒုတ်ယလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲကိုဖြေ အောင်ရင် ပထမလျှပ်စစ်ကျွမ်းကျင်သူစာမေးပွဲကိုဖြေလို့ရတယ်။ အောင်ပြီး လုပ်ငန်းအတွေ့အကြုံ ၃နှစ်ရှိရင် ပထမတန်း လျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရမယ်
ထပ်ပြီးဆက်သွားလို့ရတာက လျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်ဆိုတာရှိတယ် လျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်က ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ရှိမှ ဖြေလို့ရတယ်
မြန်မာနိုင်ရဲ့ ဆိုက်အင်ဂျင်နီယာဆို ဂျပန်မှာ ဘယ်အဆင့်လောက်ရှိသလဲ ပထမတန်းလျှပ်စစ်လုပ်ငန်းကြီးကြပ်သူလက်မှတ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်အဆင့်လောက်ရှိသလဲ
ပထမတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဆိုက်အင်ဂျင်နီယာလောက်ရှိမယ် တကယ်လို့ ပထမတန်းလျှပ်စစ်လုပ်ငန်းကြီးကြပ်သူဖြစ်ရင် မြန်မာနိုင်ငံမှာဆိုရင် Chief အင်ဂျင်နီယာလောက်ရှိမယ်
ဒါဆိုရင် ဒုတိယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်က ဂျပန်ပြည်မှာ Chief အင်ဂျင်နီယာဖြစ်ဖို့ ပထမခြေလှမ်းလို့ပြောလို့ရသလား
ကိုအောင်သူမင်း
ဟုတ် ရပါတယ်
ဂျပန်ကြီး
ဒုတ်ယတန်းလျှပ်စစ်ကျွမ်းကျင်သူလက်မှတ်စာမေးပွဲဖြေဖို့ ဘယ်လိုသတ်မှတ်ချက်တွေရှိသလဲ
ကိုအောင်သူမင်း
သတ်မှတ်ချက်ကမရှိပါဘူး ဘယ်သူအဆို အလုပ်သင်နဲ့ အခုပ်လုပ်နေသူလည်းရတယ် ကျောင်းသားဆိုလည်းရပါတယ် ဖြေပြီး အောင်လိုက်ရင် ချက်ချင်း လက်မှတ်ထုတ်ပေးတယ်
ဂျအန်ကြီး
စာမေးပွဲမှာ မေးမယ့် ဘာသာရပ်တွေက ဘာလဲ ဘယ်လိုပြင်ဆင်ရမလဲ
ကိုအောင်သူမင်း
စာမေးပွဲမှာမေးမယ့် ဘာသာရပ်က ဂျပန်နိုင်ငံမှာ မဖြစ်မနေ လိုက်နာရမယ့် လျှပ်စစ်နဲ့ အတ်သက်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေ လျှပ်စစ်နဲ့ပတ်သက်တဲ့ ထွက်စာ ဒါအပြင် ဂျပန်ပြည်မှာ drawing မှာသုံးတဲ့ သင်္ကေတတွေ ဒါက မြန်မာပြည်မှာသုံးနေကြတဲ့ သင်္ကေတနဲ့ မတူဘူး ဒါတွေကို လေ့လာရမယ် ဒီလို သင်္ကေတတွေကို မလေ့လာဘူးဆိုရင် ဂျပန်ပြည်မှာ လပြ်ငန်းခွင်မှာ ဒုက္ခရောက်မယ်
ဂျပန်ကြီး
သင်တန်းကို ဘယလိုလူစားမျိုးက တက်နေကြသလဲ
ကိုအောင်သူမင်း
ပထမ မြန်မာပြည်မှာ လျှပ်စစ်နဲ့ ဘွဲ့ရပြီး ဂျပန်နိုင်ငံကို Training နဲ့ ရောက်လာခဲ့သူ အလုပ်ဗီဇာနဲ့ လာပေမယ့် လျှပ်စစ်အလုပ်ကိုမလုပ်တဲ့ အင်ဂျင်နီယာ မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ဘွဲ့ရပြီး ဂျပန်နိုင်ငံမှာ ကျောင်းတက်နေတဲ့သူ ဒီလိုလူတွေက လျှပ်စစ်အလုပ်မပြောင်းခင် ဒီလက်မှတ်ရှိရင် အလုပ်ရလွယ်တယ်ဆိုပြီး လာတတ်ကြတယ်
ဂျပန်ကြီး
ဒီစာမေးပွဲက တစ်နှစ်မှာ ဘယ်နှစ်ကြိမ်ရှိတာလဲ
ကိုအောင်သူမင်း
၂ကြိမ်ပါ ၅လပိုင်းနဲ့ ၁၀လပိုင်း
ဂျပန်ကြီး
၁၀လပိုင်း စာမေးပွဲအတွက် လျှောက်လွှာတင်မယ်ဆိုရင် အချိန်မီသလား
ကိုအောင်သူမင်း
စာမေးပွဲလျှောက်လွှာကို စက်တင်ဘာလ ၈ရက်အထိ လျှောက်လို့ရပါတယ်
ဂျပန်ကြီး
ဒီစာမေးပွဲအောင်ဖို့ ဂျပန်စာတတ်မယ်ဆိုရင် အဆင်ပြေမလား
ကိုအောင်သူမင်း
ဂျအန်စာတတ်ရုံနဲ့တော့ညအဆင်မပြေဘူး လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဂျပန်စကားလုံးလည်းရှိတာမို့ ဂျပန်စာတတ်ရုံနဲ့တော့အဆင်မပြေဘူး ဒါအပြင် လုပ်ငန်းအတွေ့အကြုံလည်းခိုတယ်ဆိုတော့ ဒီလို သင်ပေးမယ့်သူဆီမှာတတ်တာက အဆင်ပြေမယ်ထင်တယ်
ဂျပန်ကြီး
အခု သင်တန်းက လူပြည့်နေတယ်လို့ကြားပါတယ် သင်တန်းအသစ်ဖွင့်ဖို့ အစီအစဉ်ရှိသလား
ကိုအောင်သူမင်း
ကျွန်တော်ကတော့ တစ်နှစ်မှာ ၂ ကြိမ်သင်တန်း ပုံမှန်ဖွင့်ဖို့ အစီအစဉ်ရှိပါတယ် ၅ လပိုင်းစာမေးပွဲအတွက်ဆို ဇန်နဝါရီလမှာ ၁၀ လပိုင်းစာမေးပွဲဆိုရင် ဇူလိုင်လမှာ သင်တန်းဖွင့်ပါတယ်
ဂျပန်ကြီး
ဒီလက်မှတ်ရမယ်ဆိုရင် ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာအဖြစ်လမ်းက ဖွင့်လာမယ် ဒါကြောင့် ဒီစာမေးပွဲကို အားလုံးကြိုးစားပြီးဖြေစေချင်ပါတယ် ကိုအောင်သူမင်းရဲ့ သင်တန်းလင့်ကိုလည်း အောက်မှာ ဖော်ပြပေးထားပါမယ် အင်တက်ဗျူးလက်ခံဖြေဆိုပေးတဲ့ ကိုအောင်သူမင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်
ကိုအောင်သူမင်းဖွင့်တဲ့ လျှပ်စစ်သင်တန်း
Japan Electorical Knowledge Sharing
ကိုအောင်သူမင်းသင်တန်းမှာအသုံးပြုနေတဲ့သင်ခန်းစာစာအုပ်
ဂျပန်ကြီး Self-Study လုပ်ရာမှာ အသုံးပြုနေတဲ့ စာအလုပ်
လက်တွေ့စာမေးပွဲအတွက် လေ့ကျင့်ရန်